抖阴社区

~96~

2.3K 403 12
                                    

ဒီရပ်ကွက်လေးရဲ့ ထုံးစံတစ်ခုရှိတယ် ။
အဲ့ဒါကလပြည့်ညမှာ ဝရံတာမီး ၊ လမ်းမီးတွေပိတ်ထားပြီး ပြည့်ဝန်းနေတဲ့လကြီးကိုမိသားစု ၊ ချစ်ခင်ရသူတွေနဲ့အတူကြည့်ကြတာပါပဲ ။

သူတို့တွေရောက်စက အလုပ်ကိုယ်စီနဲ့မအားလပ်တာကြောင့် ဒါကိုအထွေအထူးအာရုံမထားမိခဲ့ကြပေ ။ သူ​တို့အတွက်စောစောအိပ်ပြီးစောစောဖို့လိုအပ်တယ် ။

လူသစ်တွေဘယ်လောက်ပဲပြောင်းရွှေ့နေကြပါစေ ရပ်ကွက်မှာအရေးပါတဲ့ ငယ်မွေးခြံပေါက် လူကြီးတစ်ဖွဲ့ကတော့တာဝန်ကျေကျေနဲ့ တိုက်ခန်းတိုင်းကို မီးပိတ်ပေးဖို့နှိုးဆော်လာကြတယ် ။ ထိုအသံကြားတာနဲ့ ရှောင်းကျန့်ကလေးကို ပွေ့လျက်သား ဝရံတာမီးထွက်ပိတ်လိုက်တယ် ။ ယခင်တုန်းက ဝရံတာမီးကဖွင့်လေ့မရှိတာမို့
သူတို့ဒီလိုလပြည့်နေ့ထုံးစံလေးကို ဂရုမစိုက်မိခဲ့တာလည်းဖြစ်နိုင်တယ် ။ သူတို့ဝရံတာမှာကုန်ပစ္စည်းအများစုထားထားလေ့ရှိပြီး ဝရံတာမှာထွက်ငေးနေဖို့သိပ်မလွယ်ကူခဲ့ဘူးလေ ။ အခုတော့ကလေးရောက်လာပြီမို့ ကုန်သိုလှောင်မဲ့အခန်းတစ်ခန်း ငှားထားလိုက်ပြီး ပစ္စည်းအများစုကိုလည်းထိုနေရာမှာသာ သိုလှောင်တော့သည် ။

ရှောင်းကျန့်မီးပိတ်လိုက်တာနဲ့ လရောင်ဝင်းဝင်းက တင့်တယ်လာတာမို့ ထိုဖမ်းစားမှုရဲ့နောက်ကိုသူလိုက်ပါသွားမိတယ် ။ ဝရံတာဘက်မှာ လိုအပ်ရင်ထွက်အိပ်နိုင်ရန် အသင့်ပြင်ထားတဲ့ကွပ်ပျစ်ကုတင်လေးရှိတယ် ။ တူငယ်ကိုပေါင်ပေါ်အသာတင်ထားရင်း ဝန်းစက်နေတဲ့လဝန်းကြီးကိုသူငေးမိတယ် ။ မှတ်မိသလောက်တော့သူက လပြည့်နေ့ကို သိပ်သဘောကျတတ်တဲ့သူမဟုတ်ခဲ့ပေ ။

အပြင်းဖျားပြီးတဲ့နောက်ပိုင်းသူ့ရဲ့မှတ်ဥာဏ်တွေက သိပ်မကောင်းတော့မှန်း လူတွေရဲ့အပြောနဲ့တင်သူသုံးသပ်မိပါတယ် ။ သူကရူးနေတာလည်းမဟုတ်ဘူးလေ ။ ဒီလိုဝိုင်းစက်နေတဲ့ လပြည့်ဝိုင်းကြီးကိုငေးကြည့်တဲ့အခါ တစ်ယောက်ယောက်က ဖက်ပေးထားရင်သိပ်ကောင်းမှာပဲ ၊ ဒီလိုကောင်းမွန်တဲ့အမှတ်တရမျိုးကို သူပိုင်ဆိုင်ဖူးနေတယ်လို့လည်းခံစားရတယ် ။

Xiao Tu Tu and Leo Where stories live. Discover now