အခန်း (၁၄) - ထုထုကိုတွေ့လား ကိုယ့်ခြေထောက်ပေါ်ကိုယ်ငုတ်တုပ်လေးရပ်နေတာ ။
အခန်းဝကနေ သခင့်ကျောပြင်လေးကို
ထုထုရပ်ကြည့်နေခဲ့တာအကြာကြီးပဲ ။ လာဗီယာကထုထုကိုဆွဲခေါ်ဖို့ကြိုးစားနေတာကိုရုန်းကန်ပြီး ထုထုသခင့်ဆီပြေးသွားလိုက်တယ် ။ သခင်ကထုထုကိုမြင်သွားပြီးနှုတ်ခမ်းလှုပ်ရုံ ရေရွတ်လို့ အံ့သြသွားပုံပဲ ။ထုထုပြေးဖက်လိုက်တော့မယ်နော် ။ ယုန်က
လွယ်အိတ်ကိုချွတ်ချပြီးသူ့သခင်ဆီပြေးပါတယ် ။ ဒါပေမဲ့ သခင့်အနားမရောက်ခင်လူကြီးနှစ်ယောက်ရဲ့တားဆီးခြင်းကိုခံလိုက်ရတယ်။ လူစိမ်းတွေက အရမ်းထွားတာကြောင့်ထုထုတင်ပါးလေးကုတ်ပြီး ခပ်ရှိန်ရှိန်ကြည့်မိတာပေါ့ ။"မင်းသမီး... နိမ့်ကျတဲ့အကောင်တွေကို သန့်စင်ဆောင်ထဲခေါ်လို့မရပါဘူး "
"အိုး ကျွန်မတောင်းပန်ပါတယ် "
ထုထုကို ပြောနေတယ် ။ ထုထု ထိုလူကြီးနှစ်ယောက်ရဲ့ခြေထောက်ခြားကနေခေါင်းလေးပြူပြီးသခင့်ကိုတိုင်လိုက်တယ် ။သခင်ကနှုတ်ခမ်းစေ့ပိတ်ပြီးမျက်လွှာချသွားခဲ့တယ် ။ သခင့်မျက်နှာအလွှဲမှာ ထုထုရင်ကွဲရတယ် ။ သခင်သူ့ကိုစွန့်ပစ်လိုက်ပြီဆိုတာ ကောလဟာလမဟုတ်ခဲ့ဘူးပဲ ။ ထုထုနားလည်ပါပြီလေ ။
စကားပြောခွင့်မရှိတဲ့ Alpha က အွတင်းတင်းကျိတ်ပြီး သူ့အဖိုးတန်လေးစော်ကားခံနေရတာကို ငြိမ်သက်နေခဲ့ရတယ် ။
သူ့ယုန်ကသူ့ကို ယအတန်ကြာငေးစိုက်ကြည့်နေပြီးတဲ့နောက် အင်အားချိနဲ့စွာပြုံးပြီး နောက်ပြန်လျှောက်သွားတယ် ။လေးငါးလှမ်းနောက်ပြန်လျှောက်ပြီးတာနဲ့လွယ်အိတ်လေးကောက်လွယ်လို့ပြေးထွက်သွားခဲ့ပါတော့တယ် ။
****
လပြည့်ညကိုကျော်ဖြတ်ပြီးတဲ့အခါ Alpha က စိတ်သက်သာရာရသွားတယ် ။ သူ့ညီမဖြစ်သူက အနားမှာ မျက်နှာငယ်လေးနဲ့ရပ်နေခဲ့တယ် ။
"Sean ကိုခေါ်လာပေးမလား "
"လ..လပြည့်ပွဲတော်ရှိတယ်လေကိုကို "
"စကားလေးပဲပြောမှာပါ"
"ကိုကိုကလည်း ယုန်ကိုဘယ်လိုစကားပြောမှာလဲ၊ နှုတ်စည်းဖြေထားတာမကြာသေးတော့ကိုကိုအနားယူသင့်တယ် စကားအများကြီးပြောရင် ..."

YOU ARE READING
Xiao Tu Tu and Leo
FanfictionBJYX FANFICTION YIZHAN YIBO- GONG XIAO ZHAN-SHOU M-Preg