အခန်း (၁၅) - ထုထုသရဲခြောက်ခံရပြီ ။
လပြည့်ပွဲတော် ။
နန်းတော်ထဲ မြင်းခွာသံကျယ်ကျယ်ထွက်လာမှ တိတ်ဆိတ်တုန်လှုပ်နေတဲ့ နန်းအမှုထမ်းတွေက သက်ပြင်းချနိုင်တော်တယ် ။ ဘုရားကျောင်းရဲ့အစောင့်အရှောက်က ကြာဖူးငုံကိုလရောင်ခံယူမဲ့နေရာမှာ စေ့စပ်စွာနေရာချရင်း Alpha ကို လှမ်းအရိုအသေပြုတယ် ။
"အချိန်ကျပါတော့မယ် မင်းသားလေး "
"ကောင်းပြီ "
မြင်းပေါ်ငုတ်တုတ်လေးထိုင်နေတဲ့ Sean ကိုစိတ်မချစွာတစ်ချက်ငေးရင်း Alpha က ဝတ်ရုံဖြူကိုလဲလှယ်ဝတ်ဆင်လိုက်တယ် ။ သူ့မှာယနေ့ထက်ထိ Mate မရှိသေးတာမို့ သန့်စင်ခြင်းပွဲတော်မှာသူက လူပျိုတစ်ယောက်အနေနဲ့သန့်ရှင်းစွာဆုတောင်းပေးရမှာဖြစ်တယ် ။
ထုထုကခေါင်းလေးစောင်းပြီးသခင့်ကိုကြည့်နေလိုက်တယ် ။ သခင်ဘာလုပ်နေတာလဲ ။ ထုထု
ကြည့်နေတုန်းမှာပဲ သခင်ထိုင်နေတဲ့ကျောက်ဖျာက မီးညွန့်လေးတွေတောက်လာတယ် ။ အရုပ်လို့ထင်ထားခဲ့တဲ့ နဂါးရုပ်ကြီးက မြေကြီးတွေတုန်ခါစေတဲ့အထိလူးလွန့်လို့ ။ အစေခံတွေက သခင့်ကိုရပ်ကြည့်နေပြီးမလှုပ်ကြ ။ ကောင်းကင်ကလရောင်ပြည့်ပြည့်ဝဝဖျာကျလာတဲ့အခါ အစေ
ခံတွေအကုန်လုံးကမြေပြင်မှာဝပ်တွားလိုက်တယ် ။သခင့်ရဲ့ခန္ဓာကိုယ်ကအနက်ရောင်နဂါးရုပ်မှာမီးပွားညွန့်တွေတောက်လောင်နေပြီ ။ ငေးမောနေတဲ့ထုထုကသတိဝင်လာပြီး မြင်းပေါ်ကနေခုန်ချလိုက်ပါတယ် ။
ထုထုသခင့်ကိုကယ်တင်ရမယ် ။ သခင်နာနာဖြစ်နေပြီ ထုထုကယ်မှာ ။
သန့်စင်ခြင်းခံယူပြီးတဲ့ Alpha ကကိုယ်တွင်းကနဂါးရဲ့ တုံ့ပြန်မှုဒါဏ်ကိုအံကျိတ်သည်းခံနေရင်း မျက်လုံးစွန်းကနေ လှုပ်ရှားလာတဲ့ပုံရိပ်လေးကိုတွေ့လိုက်ရတယ် ။ သူ့ယုန်က မီးညွန့်တွေကိုဖြတ်ကျော်လာရင်း သူ့ဆီစိုးရိမ်တကြီးပြေးလာတာပဲဖြစ်တယ် ။
"နဂါး...မီးတောက်တွေပြန်သိမ်း "
မီးညွန့်တွေကသူ့အတွက်ခံစားမှုမပေးနိုင်ပေမဲ့ယုန်တစ်ကောင်အတွက်တော့အပြင်းအထန်လောင်ကျွမ်းစေနိုင်တယ် ။သူ့ယုန်က အပူဒါဏ်ကိုမမှုဘဲပြေးလာနေတာကိုမြင်ရတော့ Alpha က ထိတ်လန့်သွားတယ် ။ သူ့ကိုယ်ပေါ် ခုန်ပျံလာတဲ့ သူ့ယုန်ကို Alpha က စိုးရိမ်တကြီးပွေ့ဖို့ လက်တွေဆန့်ထုတ်ထားလိုက်တယ် ။ သူ့ယုန်ရဲ့အုန်းသီးလုံးသာသာအလေးချိန်အမှန်းနဲ့ပေါ့ ။

YOU ARE READING
Xiao Tu Tu and Leo
FanfictionBJYX FANFICTION YIZHAN YIBO- GONG XIAO ZHAN-SHOU M-Preg