အခန်း (၆၄) - ထုထုကိုပစ်မထားကြပါနဲ့ ။
"သခင်း သခင်း "
"Sean မပြေးနဲ့ "
Alpha တားလိုက်ပေမဲ့နောက်ကျသွားခဲ့ပြီ ။ ယုန်က ဆီးစစ်တံတွေစုံပလုံစိအောင်ဖက်ထားရင်း ချော်လဲသွားခဲ့သည် ။ ယုန်ကသူ့ဘာသူကုန်းထရင်းသူ့သခင်ကိုကုပ်တွယ်လာတယ် ။ သူ့သခင်ကိုအဆက်မပြတ်သတင်းကောင်းပါးနေပေမဲ့ ယုန်ဘာသာစကားကို Alpha က မတတ်ကျွမ်းခဲ့ရှာ ။
"ဗိုက်ဆာနေပြီလား ကိုယ်ပြောပါတယ် ဆေးရုံမသွားပါနဲ့တော့ဆိုတာကို ၊ ကိုယ်ဝန်ကရမလာနိုင်ဘူးလေ "
ယုန်က သူ့သခင်ကိုဗြန်းခနဲရိုက်ချလိုက်ပြီး လူပုံစံပြောင်းခိုင်းလိုက်တယ် ။ လူပုံစံဖြစ်သွားတော့ လုံးတုံးနေတဲ့ကိုယ်ကို Alpha ကအသာညှစ်
ကြည့်တယ် ။ အိစက်ညက်ညောပါ့ ။"သခင်း "
"ဟင်း... ဟင်? "
"ထုထု ဗိုက်ဗိုက်ရှိနေပြီ ဒီထဲမှာ ကလေးလေးရှိနေပါတယ် "
"အိပ်မက်မက်လာတာလား ၊ ကိုယ်မုန့်ပြင်ပေးမယ် "
"တကယ်ပြောတာပါဆို Ice သိဒဲး "
Ice ကနောက်လိုက်ပြန်ပြီလို့ Alpha ထင်သွားတယ် ။ ယုန်ကအဆီခေါက်ကလေးကိုကိုယ်ဝန်ဗိုက်ပါလို့အတင်းအဆိုပြုနေတယ် ။ Alpha က မုန့်သာပြင်ပေးနေရင်း သူ့ကောင်လေးစကားကိုအရေးမလုပ်ပေ ။
ထုထုအခန်းထဲမြန်မြန်ပြေးသွားလိုက်ပြီး ဆီးစစ်ကိရိယာပေါ်စမ်းနိုင်ဖို့ ဆီးအနည်းငယ်သွားလိုက်တယ် ။ အချိန်ပြည့်တော့မျဥ်းကနှစ်ကြောင်းပေါ်မလာပြန် ။ ဆီးစစ်တံကိုပစ်ပေါက်ပြီးသူငုတ်တုတ်ထိုင်ချလိုက်တယ် ။ တကယ်ကြီး Ice နောက်လိုက်ပြန်တာလား? ။
မှိုင်တွေသွားတဲ့ထုထုက ပါးစပ်ထဲလက်နှစ်ချောင်းထည့်ကြည့်တယ် ။ ဗိုက်ဗိုက်ရှိရင် အန်ရတယ်။
"ဝေါ ဝေါး ဝေါ့ "
"SEAN "
"ထုထုအန်နေပြီ အဲ့ဒါဗိုက်ကြီးလို့ "
Alpha က ဒီကလေးကိုမထိန်းနိုင်တော့ပေ ။
. . .
ထိုတစ်ညကိုတဂျီဂျီကုန်ဆုံးခဲ့ရပြီးနောက်တစ်ရက် ထုထုနိုးလာတော့ သခင်ကထွက်သွားနှင့်နေပြီ ။ ထုထုမျက်နှာမသစ်ဘဲ ရထားတွဲနဲ့ဆော့ရင်းစိတ်တိုမိတယ် ။ သခင်ကသူ့ကိုကလေးလေးရအောင်လုပ်မပေးနိုင်ပေ ။ သခင်ကယောကျာ်းမဟုတ်ဘူး ။

YOU ARE READING
Xiao Tu Tu and Leo
FanfictionBJYX FANFICTION YIZHAN YIBO- GONG XIAO ZHAN-SHOU M-Preg