အခန်း (၅၉) - ရိုးသားတဲ့ ငန်းတော်ကျား ။
လေးကြိုးကိုခပ်တင်းတင်းဆွဲရင်း သူရဲကောင်းစစ်သည်ကြီးလို ခန့်ညားနေတာဘယ်သူပါလဲ ။
ထုထုပါ ထုထုပါ အဲ့ဒါထုထုပါ ။
ဝှီး ။
အားမာန်အပြည့်နဲ့ပစ်လိုက်တဲ့မြှားက အနောက်မှာရပ်နေတဲ့ Alpha ဆီတည့်တည့်ရောက်သွားတယ် ။ Sean ကတော့မိုးပေါ်ဝေ့ဝဲရှာနေတုန်း ။
ထုထုမြှား ဘယ်ပျံသွားသလဲနော ။"တော်လိုက်တာ ကိုယ့်ကလေးက နောက်ပြန်တောင်ပစ်တတ်တယ် "
Alpha က မြှားကိုပြန်ထည့်ပေးပြီးအတည်ပေါက်နဲ့ချီးကျူးလိုက်တယ် ။
"ထုထုဘယ်လောက်အမှတ်ရသွားပြီလဲ "
"အပြည့်ပဲ "
Alpha က သူ့ကောင်လေးရဲ့လက်ကိုထပ်ကိုင်ပြီး လေးကြိုးဆွဲလိုက်တယ် ။
"သခင်ဖက်ထားတော့ ထုထုရင်ခုန်တယ်နော်သိလား "
Alpha က ပွင့်လင်းလွန်းတဲ့စကားလေးကိုသဘောကျသွားပါတယ် ။
"ကိုယ်ရောပဲ "
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်းပစ်လွှတ်လိုက်တဲ့မြှားက ပစ်မှတ်အလယ်ဗဟိုတည့်တည့် ။ Sky က စိတ်မပါသလိုနဲ့အမှတ်စာရင်းပြတဲ့ ဘုတ်ပြားလေးကို 10 ဖြစ်အောင်လှန်လိုက်တယ် ။
ဒီယုန်ရောက်လာထဲက သူစတိုင်မကျတော့သလိုခံစားရတယ် ။ ကလေးတွေရဲ့စိတ်ကူးယဥ်
ပြဇာတ်ကို ရေလိုက်ငါးလိုက်သရုပ်ဖော်နေရသလိုမျိုး ။ အချစ်ဆိပ်တွေမိနေတဲ့ သခင်ကတော့အဆိုးဆုံးပဲပေါ့ ။* * * *
ထုထုရဲ့တစ်နှစ်ပြည့်မွေးနေ့မရောက်ခင် လပြည့်ပွဲတော်ပြန်နီးကပ်လာခဲ့ပြီ ။ ဝမ်းသာစရာသတင်းက လာဗီယာမှာရင်သွေးလေးရှိနေပြီတဲ့ ။ သည်ညမှာ လောကရဲ့စောင့်ရှောက်သူက လာဗီယာရဲ့ရင်သွေးလေးရဲ့ ပုံစံအမှန်ကိုပြသပေးလိမ့်မယ် ။
Alpha က သက်ပြင်းချလိုက်တယ် ။ ခမည်းတော်အသက်အရွယ်အတွက် သန့်စင်ခြင်းပွဲက သိပ်ပင်ပန်းမယ်ဆိုတာသိပေမဲ့လည်း ခမည်းတော်ကိုဒုက္ခပေးရဖို့ဖြစ်လာခဲ့ပြီ ။ သူစိတ်ထိန်းခဲ့ပေမဲ့လည်း ... ။ Sean က သူ့ Mate မဟုတ်တာမို့ ဆက်ယှက်နေထိုင်မိတာနဲ့တင် သန့်စင်ခြင်းအခမ်းအနားရဲ့ ဝတ်ရုံဖြူဝတ်ဆင်ဖို့မဖြစ်နိုင်တော့ဘူး ။

YOU ARE READING
Xiao Tu Tu and Leo
FanfictionBJYX FANFICTION YIZHAN YIBO- GONG XIAO ZHAN-SHOU M-Preg