အခန်း(၂၉) - အဆင့်အတန်းမြင့်တဲ့ထုထု။
ထုထုကတစ်လမ်းလုံး မောင်နှမနှစ်ယောက်ရဲ့မျက်နှာကိုကြည့်ပြီးလိုက်လာခဲ့တယ်။ ထုထုကအဆင့်အတန်းနိမ့်လို့လူတွေကသဘောမကျဘူးတဲ့။ ထုထုခြေထောက်လေးတွေပုတိုနေလို့ အဆင့်အတန်းနိမ့်တယ်ပြောတာလား။ထုထုသခင့်ပခုံးပေါ်တက်ရပ်ရင်အရှည်ကြီးဖြစ်သွားပါတယ်နော။
လူကြီးကြီးကရော ထုထုကိုမုန်းတာလား ။ ထုထုကလက်သီးလေးဆုပ်ပြီးလူကြီးကြီးမမုန်းအောင်ကြိုးစားမယ်လို့ဆုံးဖြတ်လိုက်တယ် ။ရေးသော်ပုံအောင်ရမည် ။
***
ထုထုတို့ရောက်လာတဲ့အိမ်ကြီးကကျောက်လှေကားတွေထွင်းထားပြီး ကုန်းအမြင့်
ပေါ်မှာတည်ဆောက်ထားတာဖြစ်တယ် ။ လှေကားကနေအိမ်ဝထိအပင်စုံပျိုးထားပြီး
တောအုပ်ငယ်လေးသဖွယ်ဖြစ်နေတယ် ။"ဒယ်ဒီ "
ထုထုက သခင့်ကိုမော့ကြည့်လိုက်တယ် ။ သခင်က တရိုတသေဦးညွှတ်နှုတ်ဆက်နေတော့ ထုထုပါအိတ်ကပ်ထဲမှာ လေ့ကျင့်နေလိုက်တယ်။
လာဗီယာကသူမခမည်းတော်ပြေးဖက်ပြီး ခုန်ပေါက်နေခဲ့တယ် ။
အေးနော ။ ထုထုလည်းသခင့်ကိုအဲ့လိုပြေးဖက်ပြီးခုန်တာ သိလား ။
Alpha ရဲ့ဖခင်ကသားနဲ့သမီးကိုအသိအမှတ်ပြုလိုက်ပေမဲ့သူ့မျက်လုံးတွေကတော့အခြားတစ်ခုကိုရှာဖွေနေခဲ့တာပါ ။ နောက်ဆုံးမှာတော့သူကမနေနိုင်ဘဲထုတ်မေးခဲ့ရပြီ ။
"တောထဲကယုန်အရိုင်းကောင်ရော "
"Sean ပါ ဒယ်ဒီ"
ထုထုပါ လူကြီးကြီး ထုထုပါ။
ထုထုက ရင်ဘတ်လေးအသာဖိရင်း အိတ်ထဲကနေထွက်ဖို့လုပ်လိုက်တယ် ။ သခင်ကသူ့ကိုကူညီတော့သခင့်ပခုံးပေါ်တက်ပြီး လူကြီးကြီးကိုဦးညွှတ်နှုတ်ဆက်လိုက်တယ်။ အရှေ့ကိုဟပ်ထိုးလေးပြုတ်ကျလာတဲ့သူ့ယုန်ကို ဖမ်းထိန်းရင်း Alpha ကချောင်းဟန့်လိုက်တယ်။"ဟွန်း"
ထုထုကသခင့်လက်ပေါ်မှာမတ်တပ်လေးရပ်ရင်းလူကြီးကြီး နှာမှုတ်တဲ့အတိုင်းလိုက်လုပ်လိုက်တယ်။ ထုထုနော်သေးသေးတင်မခံပါဘူး ။

YOU ARE READING
Xiao Tu Tu and Leo
FanfictionBJYX FANFICTION YIZHAN YIBO- GONG XIAO ZHAN-SHOU M-Preg