အခန်း (၅၃) - Kiss My Ass You - You Hooman !
ထုထုတစ်ယောက် သည်တလော Alpha ကို အနားကမခွာကပ်ပြီးအလုပ်ပေးမလုပ်တာမို့ သည်တစ်ရက်မှာတော့ Alpha က ယုန်လှောင်အိမ်ကိုပိတ်ထားရပါတယ် ။ ထုံးစံအတိုင်းလှောင်အိမ်ကိုလက်သေးသေးလေးနဲ့ကြိုးစားဖွင့်နေပြီး မအောင်မြင်တဲ့အခါကန်ဆောင့်ပစ်တာမို့ ဆူညံသံတွေကတဂျိန်းဂျိန်း ။ သခင်လှည့်ကြည့်လာတာနဲ့သူဖင်ပေးပြီးအမြီးလေးခါပြလိုက်တယ် ။
အေးနော... သခင့်အကြိုက်ဖင်လုံးလုံးလေးရှိနေပါတယ် ။ လာမခေါ်သေးဘူးလား ။
Alpha က အကြည့်လွှဲသွားပြီး စာတမ်းတွေဆက်စစ်ခဲ့တယ် ။ ယုန်တစ်ကောင်ကတော့ လှောင်အိမ်ထဲဒေါသမီးတွေမြိုက်လို့ ။ Alpha အလုပ်ပြီးတာနဲ့ယုန်ကိုထုတ်ပေးပြီးအသာပွတ်သပ်လိုက်တယ် ။
ထုထုသခင့်ကိုကုတ်ပြီးဆင်းလာခဲ့တာပေါ့ ။
သခင့်လက်ပေါ်မနေပါဘူး ။"မသွားရဘူးကွာ "
Alpha က အတင်းလိုက်ဖမ်းတော့
ယုန်ကခုန်ဆွခုန်ဆွနဲ့ပတ်ပြေးနေခဲ့တယ် ။ထုထုထောင့်ကွယ်လေးမှာရောက်တော့အသံမထွက်ဘဲပုန်းနေလိုက်တယ် ။ ထုထုလွတ်ပြီလား ။ သခင်လာမဲ့လမ်းကို မသိမသာချောင်းတော့အရိပ်လေးမျှပင်မတွေ့ ။ ထုထုသက်ပြင်းချပြီးအမောဖြေလိုက်တယ် ။ ချောင်းနေတဲ့ခေါင်းကိုပြန်သိမ်းလိုက်တော့မိမိနောက်တည့်တည့်မှာသခင်ကခုန်အုပ်ဖို့အသင့်အနေအထားနဲ့ ။
အားးးးး!
ယုန်က ငယ်သံပါအောင်အော်ပြီး လက်လေးမြှောက်လိုက်တယ် ။ ကြောက်လန့်တိုင်း လက်မြှောက်တတ်တဲ့အကျင့်လေးက တော်တော်လေးရယ်ချင်ဖွယ် ။ လက်မြှောက်ရင်း အလန့်တကြားခုန်ပြေးသွားတဲ့ယုန်ကို Alpha က အူပျက်မတတ်ရယ်ရင်း ပြေးလိုက်ဖမ်းတယ် ။
ယုန်ကို အလေးချိန်မလွန်ကဲအောင်သူတမင်ပြေးခိုင်းထားတာ ။ ဆယ်မိနစ်လောက် ပြေးအောင်လုပ်ပြီးတဲ့အခါသူနဲ့ချစ်ကြည်နူးသင့်တဲ့အချိန်ရောက်ပြီလို့သူထင်မိတယ် ။ ပုန်းနေတဲ့ယုန်ကိုသွားခေါ်ရင် ဆက်ပြေးမှာသိနေတော့ အာလူးကြော်အထုပ်ကိုအသံကျယ်ကျယ်ပေးပြီးဖောက်လိုက်တယ် ။ လိုက်ကာနောက်တောင့်တောင့်ကြီးရပ်လို့ပုန်းနေခဲ့နဲ့ယုန်က နားရွက်လေးကစလို့ပြူထွက်လာလိုက်တာမျက်လုံးဝိုင်းလေးတွေပါမြင်ရတဲ့အထိ။ အာလူးကြော်တစ်ချပ်ကိုသူကိုက်ဝါးပြီးအရသာရှိကြောင်းအသံထွက်ချီးကျူးလိုက်တယ် ။
ယုန်ကသူခိုးလေးလို လေးဖက်လေးကုန်းလို့ တရွေ့ရွေ့တိုးလာတယ် ။ Alpha ရဲ့အနီးထိတော့မလာဘဲ စားပွဲပေါ်မေးစေ့လေးတင်လို့ ခပ်ဝေးဝေးကနေအာလူးကြော်ထုပ်ကိုချောင်းနေတာ ။

YOU ARE READING
Xiao Tu Tu and Leo
FanfictionBJYX FANFICTION YIZHAN YIBO- GONG XIAO ZHAN-SHOU M-Preg