အခန်း (၃၃) - ထုထု.... ပြောင်းလဲချင်ပြီ ။
အလုပ်မသွားနိုင်တော့တဲ့ Alpha က တိတ်ဆိတ်နေတယ် ။ စာအုပ်တစ်အုပ်ကိုလက်ထဲအလှကိုင်ထားရင်း အာလူးကြော်ဝါးနေတဲ့ သူ့ကောင်ငယ်လေးကို တစိမ့်စိမ့်ငေးနေမိတယ် ။ အာလူးကြော်ဝါးနေတဲ့နှုတ်ခမ်းလေးတွေ.... မနက်ကတင်သူ့အရည်တွေပေကုန်လို့သုတ်ပေးခဲ့ရတာ ။ Alpha ရဲ့ ဖြူလျော့လျော့မျက်နှာကရဲသွားတယ် ။ ဂွကြားနေရာကိုသူစာအုပ်နဲ့အုပ်ချလိုက်ရတယ် ။ Sean က အောက်ကျသွားတဲ့အာလူးကြော်အကျေတွေကိုကောက်စားနေရင်း ကုန်သွားမှသူ့သခင်ကိုသတိတရနဲ့လာကျွေးရှာတယ် ။ Alpha က အိတ်ခွံကိုအမှိုက်ဘုံးထဲပစ်လိုက်တော့ ကောင်ငယ်လေးက လိုက်ကြည့်ပြီးသူ့လက်မလေးစုပ်နေတယ် ။
"သခင်... အကုန်စားလိုက်ပြီလား ထုထုမဝသေးဘူး "
Alpha ကရယ်ပြီး အာလူးကြော်နောက်တစ်ထုပ်ဖောက်ပေးလိုက်တယ် ။
"နောက်ထပ်မရတော့ဘူးနော် Sean "
ထိုအချိန်မှာပဲလာဗီယာရဲ့ဖုန်းဝင်လာတော့ Sean က ဖုန်းအတင်းလုပြောတယ် ။
"လာဗီယာ... ထုထုတို့အရုပ်လဲကြမယ်လေ "
"Ok မမလာခဲ့မယ် "
လာဗီယာ ဖုန်းချသွားတော့ထုထုလဲမဲ့အရုပ်လေးတွေစုလိုက်တယ် ။ ထုထုတို့အရင်ကလည်းအရုပ်လေးတွေလဲပြီးဆော့ကြပါတယ် ။
Alpha ကသူ့ကောင်ငယ်လေးရဲ့ ရွှေပခြုပ်နဲ့ဆွဲကြိုးကိုနေရာကျအောင်ပြင်ပေးရင်း ဂုတ်သားအိအိလေးကိုငုံ့နမ်းလိုက်တယ် ။ ယုန်လေးတစ်ကောင်ကိုနမ်းရတာ တစ်ချက်ဆိုတစ်ကိုယ်လုံးထိမိလို့ အားရစရာကောင်းပေမဲ့ လူသားလေးကတော့နမ်းစရာရပ်ဝန်းတွေကျယ်လှတာမို့သူတစ်ကိုယ်လုံးကိုမနမ်းနိုင် ။
လာဗီယာက တောင်းတစ်လုံးနဲ့ရောက်လာတယ် ။ ဆော့နေတဲ့နှစ်ယောက်ကို Alpha ကပြုံးကြည့်နေပါတယ်။
"ထုထုမှာ ဂျိုးငှက်လေးရှိတယ် လာဗီယာဘာပေးမလဲ "
"အင်း... ဒါလေးနဲ့လဲမလား "
သစ်သားနဲ့ထွင်းထားတဲ့သမင်ရုပ်လေးကိုမြင်တော့ထုထုတို့အလဲအလှယ်အောင်မြင်သွားတယ် ။ သည်လိုနဲ့လာဗီယာပါလာသမျှကုန်သွားပြီးနောက်ဆုံးပိတ်အရုပ်ကိုပြလိုက်တယ် ။

YOU ARE READING
Xiao Tu Tu and Leo
FanfictionBJYX FANFICTION YIZHAN YIBO- GONG XIAO ZHAN-SHOU M-Preg