အခန်း (၁၂) - ထုထုနဲ့သခင် မိတ်လိုက်ကြမယ်လေ ။
ထုထုနားရွက်ကို ကားကားလေးဖြစ်အောင်ဆွဲ
ကြည့်နေပါတယ် ။ ထုထုနားရွက်လေးနဲ့ပုန်းလို့မရတော့ဘူး ။ကျောပေါ်လှမ်းတင်လို့လည်းမရတော့ဘူး ။ ဆေးရုံကအပြန် ထုထုလမ်းမှာ
အာဝုဝုတွေတွေ့တယ် ။ တစ်ကောင်နဲ့တသ်ကောင် အမြီးတွေချိတ်ပြီး ဖတ်ဖတ်ဖတ် လုပ်နေတာ ။Alpha က သူ့ယုန်ကောင်လေးမျက်ဝန်းတွေကိုအလျင်အမြန်ဆွဲပိတ်လိုက်တယ် ။ Sean က လက်ကလေးကိုရအောင်ဟပြီးဆက်ကြည့်ပါတယ် ။
"သူတို့ဘာလုပ်နေတာလဲသခင် "
"ဆော့နေတာ ပြန်ရအောင် "
"မိတ်လိုက်နေတာပါ ကလေးမွေးမလို့လေ "
Alpha က ချောင်းဟန့်ပြီး အလိမ်မိသွားတာကို ရှက်သွားတယ် ။
"မကောင်းတာတွေမကြည့်နဲ့တော့
ကိုယ်နေ့လည်စာကောင်းကောင်းလေးပြင်ပေးမယ် ""သခင်သူတို့ကဘာလို့မိတ်လိုက်တာလဲ "
နန်းတော်ကလူမြင်ကွင်းနေရာမှာမိတ်လိုက်အောင်လွှတ်ထားတဲ့ပိုင်ရှင်တွေကို Alpha က
အမှုန့်ချေချင်မိတယ် ။ သူ့ယုန်ကို အတွေးမှားတွေလည်းမဝင်စေချင် ။"သူတို့ကချစ်လို့ပေါ့ "
"ချစ်ရင်မိတ်လိုက်ကြတာလား "
"အင်း ချစ်တဲ့သူနဲ့ပဲမိတ်လိုက်ကြတယ် "
"ဒါဆို သခင်ထုထုကိုမိတ်လိုက်ပါလား "
Alpha က သွေးဆောင့်တက်သွားတယ် ။ သူ့ယုန်က ယုန်တစ်ကောင်မို့မိတ်လိုက်တယ်လို့သုံးတာက မမှားပေမဲ့သူ့မိဘတွေသိရင်တော့ ကြားတဲ့နေရာမှာတင်ခွေခနဲလဲကျနိုင်သွားပါတယ် ။
"Sean က ကိုယ်နဲ့မိတ်လိုက်ချင်လို့လား "
"ထုထုကသခင့်ကိုချစ်တာကိုး "
Alpha က ပြုံးပြီး သူ့ယုန်ရဲ့ဆံပင်လေးတွေကိုသပ်တင်ပေးလိုက်တယ် ။ သူ့ယုန်ချစ်နေရင်သူကျေနပ်လှပြီ ။
****
တစ်ပါတ်အတွင်း ယုန်အဖြစ်နဲ့လူအဖြစ်ကို ပြောင်းချင်သလိုပြောင်းပြီး လုပ်ချင်ရာလုပ်နေတဲ့ Sean ကိုသူစိတ်မချတာမို့ အလုပ်တွေဖြောင့်ဖြောင့်မလုပ်နိုင်ခဲ့ ။ အခုတော့သူ့ယုန်က ယုန်ဘဝနဲ့ ဘယ်နေရာသွားဆော့နေတယ်မသိ ။ ငြိမ်ချက်သားကောင်းနေတဲ့ယုန်ကိုဝေ့ဝဲရှာရင်းမတွေ့တော့ အနားက ကော်ဖီခွက်ကိုသူလှမ်းမော့လိုက်တယ် ။ ခါးသက်သက်ကော်ဖီရည်အစားအမွှေးလုံးလေးတွေဝင်လာလို့ကြည့်တော့ခွက်အဝမှာသူ့ယုန်ရဲ့ဖင်လုံးလေး ။ သူတောက်ချလိုက်တော့ ကော်ဖီခိုးသောက်ထားတဲ့ယုန်က ပေါင်ကြားကနေခေါင်းပြူလာပြီးချောင်းကြည့်တယ် ။ တစ်ကိုယ်လုံးကော်ဖီတွေပေကျံနေပြီး လက်ထဲမှာလည်း နို့ခဲတွေထွေးပိုက်ထားတယ် ။

YOU ARE READING
Xiao Tu Tu and Leo
FanfictionBJYX FANFICTION YIZHAN YIBO- GONG XIAO ZHAN-SHOU M-Preg