အခန်း (၅၆) - Twerking Twerking When I buy the things I like
Ice မိမိရှေ့က မြင်ကွင်းကိုကြည့်ရင်းစိတ်မသက်မသာဖြစ်နေမိတယ် ။ အတော်လေး အရည်အသွေးမြင့်ပြီးလှပတဲ့ Omega က သခင့်ရဲ့အာရုံကိုနည်းနည်းလေးတောင်မရခဲ့ ။ သူထင်တာက Sean နဲ့သာဆက်ဆံပြီးရင် Alpha က ဒီအရသာကိုနားလည်လာပြီး Omega တစ်ယောက်နဲ့ရင်သွေးငယ်လေးရနိုင်တော့မယ်ပေါ့ ။
အချစ် ။ ဒါကတော့မဖြစ် ။ Alpha အနေနဲ့ သူ့ရင်သွေးငယ်လေးမမွေးပေးနိုင်တဲ့သူအပေါ်သစ္စာမြဲမြဲနဲ့အချစ်ပုံပေးလိုက်လို့မရပေ ။
"သခင် "
Omega ထွက်သွားတာနဲ့သူခပ်တိုးတိုးခေါ်လိုက်တယ် ။
"ဘာပြောစရာရှိလို့လဲ "
"Omega တွေကိုစိတ်ဝင်စားမှုမရှိသေးတာလား သခင် "
"ကိုယ်တော့်မှာ Sean ရှိပြီးသားပဲ မင်းကောင်းကောင်းသိပါတယ် "
"သူက သခင့်ကြင်ယာတော်ဖြစ်လို့မရတာလည်း သခင်ကောင်းကောင်းသိပါတယ် "
"..."
"ရင်သွေးမရှိရင်.... "
"လာဗီယာ သူ့ကြင်ယာဖက်ရှာတွေ့သွားရင်အဆင်ပြေမှာပါ "
Alpha က ခပ်လေးလေးပြောလိုက်တယ် ။
"Omega နန်းသွေးကနေ Alpha မျိုးရိုးမွေးဖွားသန့်စင်နိုင်ရင်တောင်သခင့်လို... "
"တော်ရအောင် ၊ အချိန်တွေစောသေးတာပဲ အခုကိုယ်တော်စွမ်းအင်တွေကောင်းကောင်းထိန်းချုပ်နိုင်သေးတယ် အရမ်းစိတ်ပူနေဖို့မလိုဘူး "
"အချိန်တွေမစောတော့တဲ့အချိန်ကျရင်ရော? သခင်ရွေးချယ်နိုင်မှာလား ၊ ဒီလောကနဲ့ Sean သခင်ဘာရွေးမှာလဲ "
Alpha က ခါးမတ်မတ်ထားရင်း သက်ပြင်းချလိုက်တယ် ။
"ကိုယ့်ကြင်ယာတော်က Sean ပဲရှိလိမ့်မယ် ၊ သူ့ကိုအသုံးချသလိုဆက်မလုပ်နဲ့တော့ "
"ကျွန်တော်အသုံးချတာမဟုတ်ပါဘူး "
"ကိုယ်တို့က မြေခွေးတွေမဟုတ်ဘူး အရာရာတိုင်းမှာခံစားချက်ရှိတယ် "
Ice ကစကားအပိုထပ်မဆိုတော့ ။ သခင်ကသူ့ကိုအသဲနှလုံးမရှိတဲ့သူလို့စွပ်စွဲနေခဲ့တာပဲ ။ သခင်ထွက်သွားတာနဲ့သူအရက်အိုးကိုမော့သောက်ရင်းရယ်လိုက်တယ် ။

YOU ARE READING
Xiao Tu Tu and Leo
FanfictionBJYX FANFICTION YIZHAN YIBO- GONG XIAO ZHAN-SHOU M-Preg