အခန်း (၆) - မှန်ကြီးရေ ကမ္ဘာပေါ်မှာ ဘယ်သူအလှဆုံးလဲ ။ ထုထုလို့မဖြေရင်ခြောက်ချက်ကုတ်မယ် ။
ထုထုအစာစားနေတုန်းသခင်က ထုထုကိုချီလိုက်တယ်။ ဟာ ထုထုတန်းလန်းကြီးလေ။
"ကိုယ် Sean အတွက် လွယ်အိတ်လေးတစ်လုံးယူလာတယ် အပြင်ထွက်ရင်လိုတာလေးထည့်ပေါ့ "
ထုထုအိတ်လေးကိုမြန်မြန်ပဲလွယ်လိုက်တယ် ။
ယေ့...ထုထုကျောင်းသွားမယ် ထုထုကျောင်းသွားမယ်။ ယုန်ပုလုံးကလက်တွေမြောက်ပြီး မတ်တပ်ရပ် ကနေတော့ Alpha က အသံထွက်မရယ်ဘဲမနေနိုင်တော့ပေ။ ယုန်ယဥ်တွေဆပ်ကပ်ပြပွဲထိဝင်ဆန့်နိုင်တယ်ဆိုပေမဲ့ ဒီကောင်လေးကိုတော့ သူသိပ်အံ့သြနေပါပြီ ။ထုထုဒွန့်နေရင်း သခင့်လက်ထဲကဖုန်းကိုတွေ့လိုက်တယ် ။ ထုထုပြေးဆွဲပြီးငုံ့ကြည့်လိုက်တယ်လေနော် ။ ဝါး...ထုထုအရမ်းလှ ထုထုခန့် ။
ထုထု ဖုန်းပွင့်လာအောင်လက်လေးနဲ့ပုတ်ကြည့်တယ်။အမွှေးတွေကပ်သွားပေမဲ့
ဖုန်းက ပွင့်မလာဘူး ။ထုထုသခင့်ကိုတိုင်တောသလိုလေးကြည့်လိုက်ပါတယ် ။ ထုထုဖွင့်တာကိုသူမဖွင့်ဘူးနော် ။ အရမ်းဆိုးတာပဲ ။"ဖုန်းကြည့်ချင်လို့လား "
Alpha က ဖုန်းဖွင့်ပြီးမှသူ့ယုန်လေးကပဲတအားများတာ သတိထားမိသွားတယ်။ Alpha က Video Recording ဖွင့်ခဲ့ပြီးမှန်ရှာဖို့ထလာခဲ့မယ် ။
ထုထုဖုန်းစခရင်ထဲက အလှတရားလေးကိုငေးပြီးကျေနပ်လို့မဆုံး။ သူကတယ် ။ သူလှုပ်တယ်။သူဖင်လေးခါပြတယ် ။ သူလှုပ်ဆော့နေတုန်းသခင်က ဘူးတစ်ဘူးသယ်လာပြီး ဖုန်းကိုပြန်သိမ်းသွားတယ် ။
ထုထုဆော့လို့မဝသေးဘူး ။ ဖုန်းကိုထုထု လိုက်ဆွဲပေးမဲ့သခင်ကအသာလေး သူ့ကိုဖိချသွားတတယ် ။ ထုထုစိတ်ကောက်ခါနီးကျမှ သခင်က
ဖွက်ထားတဲ့ မှန်လေးထုတ်ပေးလာတယ် ။ ဒီမှန်ကထုထုတစ်ကိုယ်လုံးမြင်ရတယ် ။ အကြီးကြီးပဲ ။ မှန်ထဲသခင့်ကိုပါမြင်နေရတယ် ။ သခင်ကထုထုကို တရှုးရှုးဖြန်းတဲ့ဘူးလေးနဲ့ရေလောင်းနေတယ် ။ ထုထုအပင်ယောင်ဆောင်လိုက်တယ် ။ သစ်ရွက်လေးတွေလိုခါးကိုတွန့်ပြီးယိမ်းနွဲ့လျက်ပေါ့ ။

YOU ARE READING
Xiao Tu Tu and Leo
FanfictionBJYX FANFICTION YIZHAN YIBO- GONG XIAO ZHAN-SHOU M-Preg