ရက်တွေက တအိအိနဲ့ကုန်လွန်လာခဲ့တယ် ။ ယုန်ကအခုတလော သူ့ကိုတော်တော်လေးလျစ်လျူရှုထားတာပင် ။ တစ်နေကုန် ငုတ်တုတ်အိပ်ပြီးနိုးလာတာနဲ့ အလုံးလေးကိုကျောပိုးပြီးတစ်နေရာထွက်ထွက်သွားတတ်တယ် ။ ရှောင်းကျန့်အနောက်ကလိုက်ကြည်ဖြို့ကြိုးစားပေမဲ့ မြို့လယ်ခေါင်မှာတောင်လမ်းမရှာတတ်တဲ့သူအဖို့ ယုန်တစ်ကောင်ကိုနောက်ယောင်ခံလိုက်ဖို့ဆိုတာမဖြစ်နိုင်ပါဘူး ။
အချိန်တစ်လပြည့်ခါနီးတော့ အစ်မဖြစ်သူနဲ့ အမေ့ဘက်ကအမျိုးတွေအကြားအတော်လေးအချေအတင်ဖြစ်ခဲ့ကြတယ် ။ ဦးလေးတို့ကရှောင်းကျန့်ကိုကြည်ဖြူလှတယ်မဟုတ်ပေမဲ့
အစ်မလက်ထဲကိုလည်းအုပ်ထိန်းခွင့်မအပ်ချင်ခဲ့ကြပေ ။နောက်ဆုံးမှာတော့ အသက်ပြည့်ပြီးတဲ့
ရှောင်းကျန့်ရဲ့ရွေးချယ်မှုနဲ့သာ အိမ်တွင်းမီးကို
ငြိမ်းလိုက်ကြတယ် ။ မမဘက်ကအကုန်စီစဥ်ပြီးမှတော့ သူ့ရွေးချယ်စရာကမမပဲရှိတယ်လေ ။ရှောင်းကျန့်အထုပ်တွေပြင်ဆင်ပြီးယုန်ကို
မွေးနေ့လက်ဆောင်ရထားတဲ့ ဝက်ဝံရုပ်အကြီးကြီးရဲ့အိတ်ကပ်ထဲထည့်ဖွက်လိုက်တယ် ။ ဒါကသူ့ကိုကြိုက်နေတဲ့ ဟိုအစ်ကိုကြီးပေးထားတာ ။ ဒါမျိုးလက်ဆောင်ပေးမဲ့သူကလည်းနှစ်ယောက်မှမရှိဘဲ ။ အစ်မရဲ့အကြည့်တွေအောက်ရှောင်းကျန့်ဇောချွေးတွေတောင်ပြန်လာတယ် ။ နူးညံ့တဲ့ဝက်ဝံရုပ်အစား ပေါက်ကွဲခါနီးမိုင်းတစ်လုံးကိုင်ထားရသလိုမျိုး သူ့ရင်တွေကပေါက်ကွဲထွက်တော့မယ် ။ ဒီအကြံရဖို့ တစ်လလုံးသူတွေးခဲ့ရတာ ။"ဘာဖြစ်နေတာလဲ? "
"ဘာ ဘာ ဖြစ်... ဖြစ် လို့ လဲ "
"မဟုတ်သေးပါဘူး နင့်မျက်နှာက... ပြောပါဦးဘာတွေမဟုတ်တာလုပ်ထားလဲ? "
အသံထွက်ရင်မိသွားမှာစိုးတာကြောင့်ရှောင်းကျန့်ခေါင်းခါပြလိုက်တယ် ။ သို့တိုင်သူ့ရဲ့ ချိန်သီးလိုဟိုဘက်သည်ဘက်လည်နေတဲ့မျက်ဝန်းတွေကတော့ သူ့ကိုသစ္စာဖောက်နေဆဲပဲ ။
"အားကျန့် "
"ကျန့်ကျန့်ဘာမှမလုပ်ပါဘူးလို့ မမကလည်း "

YOU ARE READING
Xiao Tu Tu and Leo
FanfictionBJYX FANFICTION YIZHAN YIBO- GONG XIAO ZHAN-SHOU M-Preg