抖阴社区

~40~

8.1K 1.1K 87
                                    

အခန်း (၄၀) - ယုန်စိတ်ကောက်ကောက်နေတယ်။

"အချိုစားလေ Sean အကြိုက် "

ယုန်က နံရံဘက်ခေါင်းတိုးသွားတယ် ။

"ကိုယ်တောင်းပန်ပါတယ် ကလေးရဲ့ "

ယုန်က သူ့အတွက်ခင်းပေးထားတဲ့ မွှေးနုအခင်းလေးကို လှန်ပြီးတဘုန်းဘုန်းစောင့်တယ် ။

"ကလေး ကိုယ့်ကိုကြည့်ပါဦး "

ယုန်က အခင်းအောက်ဝင်ပြီး ပုန်းသွားပါတယ် ။

Alpha က သက်ပြင်းချလိုက်ပြီး ဆံနွယ်တွေလှန်တင်လိုက်တယ် ။ သူ ယုန်ကိုလက်သည်းညှပ်ပေးလိုက်တာပါ ။ နှစ်ဘဝနေရတော့ အစုံကိုင်ပြီးဆော့နေတဲ့သူ့ယုန်လက်ကလေးတွေ အနာဖြစ်နေလို့ လက်သည်းညှပ်ပြီး ဆေးထည့်ပေးနေခဲ့တာ ။ ယုန်ကလက်သည်းညှပ်ပြီးထဲကငြိမ်ကုပ်နေပြီးသူ့ကိုမခေါ်တော့တာဖြစ်တယ် ။

Alpha က ယုန်လက်သည်းညှပ်လေးကိုပိုးသတ်ဆေးဖြန်းပြီးဘူးထဲထည့်လိုက်တယ် ။ လက်သည်းတွေကိုအမှိုက်ပုံးထဲမပစ်ရက်ပေမဲ့မတတ်နိုင်စွာဘဲ ပစ်လိုက်ရတယ် ။ လက်သည်းလေးကအစသူချစ်နေရတာပါပဲ ။

"Sean ရေကူးရအောင် "

ယုန်ကထွက်မလာဘဲ တိတ်ဆိတ်နေတယ် ။ သူနဂါးမီးတောက်လေးတွေလက်ပေါ်ဝေ့ဝဲလိုက်တော့ ယုန်ကဖွတ်ခနဲထွက်ပြေးသွားတယ် ။

"ဟော... ဟန်နီလေးကလူမဖြစ်ချင်ဘူးလား "

ယုန်ကမျက်ပြူးလင်းမြွေရဲ့အခွေပုံထဲပလုံစွက်ဆိုပြီးဝင်သွားတော့တယ် ။ လင်းမြွေကအိပ်ချင်မူးတူးနဲ့တစ်ချက်ကြည့်ပြီးပြန်အိပ်သွားပါတယ် ။

Alpha အဝတ်ချွတ်ပေမဲ့ ယုန်ကတစ်ချက်သာချောင်းကြည့်ပြီးဖင်ပေးအိပ်သွားတော့တယ် ။

ထုထု... သခင့်ကိုမခေါ်ဘူး ။ ထုထုလက်သည်းညှပ်ရတာမပျော်ဘူး ။

****

ထုထု နိုးလာတယ် ။ သခင့်ကိုရှာမတွေ့ ။ သခင်က.... သခင်က ထုထုကိုမချော့ဘဲထားသွားတာလား ။ ထုထု အိပ်လိုက်တာနဲ့လက်လျှော့သွားတယ်ပေါ့ ။ ရပါဒဲ ။ ထုထုနားလည်....အမလေး ငါ့လင်ကြီးရဲ့ လန့်လိုက်တာ ။

Xiao Tu Tu and Leo Where stories live. Discover now