ရှောင်းကျန့်အစ်မဖြစ်သူနောက်တကောက်ကောက် လိုက်လာပြီးချော့နေရတယ် ။ ရုတ်တရတ်ရောက်ချလာတဲ့အစ်မက အလုပ်လုပ်နေတဲ့ရှောင်းကျန့်ကိုမြင်ပြီး ဒေါသထွက်သွားခဲ့တယ်လေ ။ ရှောင်းကျန့်သာလိုက်မဆွဲရင် ဦးလေးတို့နဲ့ရန်ထပ်ဖြစ်ဦးမှာ ။
ရှောင်းကျန့်ဒီလိုအချိန်တွေဆိုတိုင်းစိတ်ညစ်ရတယ် ။ ကိုယ်တိုင်သာရပ်တည်နိုင်ရင် ဒီလိုမိသားစုနှစ်ခုကြားအနေရခက်နေမှာမဟုတ်ဘူးမလား ။
"မမလို့ "
"လက်ကိုလွှတ် "
"မမ သားလုပ်ချင်လို့လုပ်တာပါဆို ၊ အဲ့လိုမလုပ်ပါနဲ့မမကလည်း "
"နင့်ဒါဏ်ရာတွေကြည့်စမ်း ၊ နင့်ကိုဆရာဝန်ဘာပြောလိုက်လဲ? "
"သားမှမနာတာ မမလည်းဒေါသထွက်လွယ်လို့မဖြစ်ဘူးလေနော် ၊ ဗိုက်ထဲမှာကလေးနဲ့ဟာကို ရန်ဖြစ်လို့ကလေးထိခိုက်သွားရင်မမဘယ်လိုလုပ်မလို့လဲ "
"ဒါကျတွေးတတ်သေးတယ်ပေါ့ "
ရှောင်းကျန့်ပါးဖောင်းထားတာကိုဖြေလျှော့လိုက်ပြီးတည်တည်တံ့တံအမူအယာပြောင်စလိုက်တယ် ။
"ကျွန်တော် အရွယ်ရောက်နေတဲ့ယောကျာ်းလေးပါ ၊ အဲ့ဒါမို့... "
"အဲ့ဒါမို့ လမ်းဘေးကအကောင်ပလောင်တွေကိုကယ်ဖို့မီးတောထဲဝင်ပြေးသွားတာလေ "
"မမကလည်း "
"ထားလိုက်တော့ ၊ နင့်ယောက်ဖနဲ့ငါစကားပြောကြည့်ပြီးပြီ အခုအိမ်ကိုရောင်းပြီး တိုက်ခန်းကျယ်ကျယ်တစ်ခန်းငှားဖို့စီစဥ်ထားတယ် တစ်လအတွင်းဖြစ်မှာပေါ့ ၊ အဲ့ဒါအနားကပ်ရင်လူကြီးတွေကိုအကြောင်းကြားလိုက်မယ် နင်လည်းပြင်စရာရှိတာပြင်ဆင်ထားတော့ "
"မမ သားကြောင့်လား? မဟုတ်သေးပါဘူးဗျာ ကလေးလည်းမွေးလာတော့မှာကို အိမ်ရောင်းပစ်လို့ဘယ်ဖြစ်မှာလဲ "
"အိမ်ကဒီလောက်ကျဥ်းတာ ၊ လမ်းကလည်းချောင်ကျတယ် ကလေးအတွက်မကောင်းဘူး ၊
နင့်ကြောင့်ကြီးသက်သက်မဟုတ်တာမို့ လျှောက်မတွေးဘဲ လိုအပ်တာသာပြင်ဆင်ထား "အစ်မဖြစ်သူဘက်ကသေချာပေါက်ကြီးပြောနေတာမို့ရှောင်းကျန့် အကျပ်ရိုက်သွားတယ် ။
အရင်ကသာ ဒါမျိုးဖြစ်လာရင်အပျော်ဆုံးကရှောင်းကျန့်ပဲဖြစ်မှာပါ ။ ဒါပေမဲ့အခုသူ့လက်ထဲမှာ အကောင်လေးနှစ်ကောင်ရှိနေပြီ ။ တောထဲကိုပြန်မလွှတ်ပေးနိုင်ဘူးလေနော် ။

YOU ARE READING
Xiao Tu Tu and Leo
FanfictionBJYX FANFICTION YIZHAN YIBO- GONG XIAO ZHAN-SHOU M-Preg