အခန်း (၇၃) - ထုထုအာဝုကိုစချင်တယ် ။
ယုန်လေးတစ်ကောင်ကတော့ သူ့ကလေးကိုဗိုက်ပေါ်တင်ထားရင်းပုခက်စီးလို့နေသည်။ Alpha က အစာစားနေပြီဖြစ်တဲ့ အထွေးဆုံးလေးအတွက်ယုန်စာပြင်ပေးနေတယ် ။ ကြီးလာတော့အမွှေးလေးတွေက သူ့အဖေနဲ့တစ်ပုံထဲ ။ အုန်းသီးနုနုလေးထဲ သကျီသွေးလေးဝပ်နေသလိုပါပင်။
"အလုံးလေးတွေ အစာစားမယ် "
ယုန်ပိစိက ကိုက်နေတဲ့နို့ကိုဖြုတ်ပြီး တုန်ချိချိနှင့်အစာမျှော်လေတယ် ။ ထုထုရဲ့အီးတုံးလေးကို
စချင်တာကြောင့် ဆင်းသွားလို့မရအောင်ညှစ်ထားပြီးတအစ်အစ်နဲ့ရယ်နေလိုက်တယ် ။Alpha က လိုက်ရယ်မိရုံအပြင်မတတ်နိုင်ပေ ။ ယုန်ရယ်တာ ၊ ယုန်ငိုတာ ၊ ယုန်နှာဘူးကျတာ ဒါတွေနေ့တိုင်းကြည့်နေရသည့်တိုင် အခုထိယုံနိုင်ဖွယ်မှမရှိသေးဘဲ ။ တစ်နေ့ကပင် Alpha ရေချိုးနေတာလိုက်ချောင်းပြီးယုန်နှာရဲရဲလေးကသွေးလျှံလာလို့သူ့မှာလန့်ပြီး ဆေးရုံပြေးခဲ့ရသေးသည် ။ ကလေးရပြီးတဲ့အထိ သူအဝတ်ချွတ်တာမြင်ရင်လိုက်ငေးနေတတ်တုန်း ။
"ကဲ ကလေးကြီးက ကလေးလေးကိုအနိုင်မကျင့်ရဘူးလေ "
နှစ်ယောက်လုံးကိုဂုတ်ကကိုင်ပြီးအစာခွက်ရှေ့
ချပေးတော့ တလှုပ်လှုပ်ဝါးနေကြပုံက အချစ်ပိုစရာ ။အရသာရှိလွန်းတဲ့ ခရစ်စပီချန့်ကီမုန့်ကထုထုလျှာနဲ့သိပ်နတ်ဖက်နေတယ် ။
ဟောာ.... ။
သခင့်ကို ထုထုစိုက်ကြည့်နေလိုက်တော့
အီးလုံးပေါက်စလေးက ထုထုအတိုင်းကြောင်ပြီးလိုက်ကြည့်နေတယ် ။အိုကေဗျား ။ ထုထုအားမနာတမ်းကျိတ်ပြီ ။
အီးလုံးလေးကသူ့ဒယ်ဒီကိုကြည့်နေရာကနေ ဘာမှဆက်ဖြစ်မလာလို့ အစာပြန်စားဖို့ငုံ့လိုက်ချိန်အစာခွက်ထဲဘာမျှရှိမနေတော့ချေ ။"အဲ့ "
အီးလုံးလေးရဲ့ အားငယ်တဲ့အသံက သေးညှောင့်စွာထွက်လာတယ် ။ Alpha ခေါင်းအသာခါပြီး Sean ကိုဂုတ်ပေါ်တင်ကာ မုန့်ထပ်လုပ်ပေးရတော့တယ် ။
ထုထုကနို့တိုက်ရတယ်လေ ။ အားပြည့်ဖို့အစာတွေ အများကြီးအများကြီးစားဖို့လိုနေပါတယ် ။ ထုထုစိတ်ကောင်းမရှိဘူးလို့ဘယ်သူပြောရဲလဲ? ။ ယုန်ကသွားလေးနှစ်ချောင်းပေါ်အောင်တအစ်အစ်ရယ်ရင်းကျေနပ်နေခဲ့တယ် ။

YOU ARE READING
Xiao Tu Tu and Leo
FanfictionBJYX FANFICTION YIZHAN YIBO- GONG XIAO ZHAN-SHOU M-Preg