အခန်း(၂၀) - သခင်ရယ်ထုထုကိုအရမ်းရမ်းအသားယူ......ပါဦး ။
ထုထုရေချိုးပြီးလို့ ဆံပင်အမှုတ်ခံနေပြီ ။ ဆံပင်မှုတ်တဲ့စက်ထဲလက်ကလေးထိုးပြီးနှိုက်ချင်တာကို သခင်က ဟွန်းခနဲဟန့်တယ် ။ ထုထုလက်က အငြိမ်ကိုမနေချင်တာ ။ လေမှုတ်စက်ထဲမထည့်ရတဲ့လက်ကို သခင့်ရဲ့ပါးစပ်ထဲထိုးထည့်လိုက်တယ် ။ သခင်ကလက်ကိုအသာငုံထွေးထားပြီး ထုထုလျှောက်မွှေနေတော့ ဆက်မဆော့အောင်ကိုက်လိုက်တယ် ။
"သခင် "
"ဟင် "
"ထုထုပူနေပြီ "
"ပူသွားပြီလား "
ပူသွားကြောင်းပြတဲ့နေရာကို ခပ်ဖွဖွပွတ်လို့နမ်းပေးရင်း Alpha က မွေးပွတဘက်နဲ့သာ ဆက်သုတ်ပေးပါတော့တယ် ။
"သခင် "
"ထုထုဒီနားပါပူတယ် "
နှုတ်ခမ်းလေးကိုလုံးနေအောင်စုချွန်ရင်း လူလည်ကျနေပါတဲ့လူလည်ကောင်လေးကို Alpha ကရယ်လိုက်တယ် ။ ခပ်ဖွဖွထိနမ်းရုံကပ်လိုက်ပေမဲ့လျှာနီတာရဲလေးကသူ့နှုတ်ခမ်းကို
အတင့်ရဲစွာလာလျက်သွားတာမို့ သူစိတ်လှုပ်ရှားစွာနဲ့ ပိုသာတဲ့အနမ်းမျိုးကိုဦးတည်မိသွားတယ် ။ထုထုအရိုးတွေပျော့ကျလာတယ် ။ သခင်ကတွန်းလာတာမို့ မွေ့ယာပေါ်ပြုတ်ကျတာဖုတ်ခနဲ။ သခင်ကပါကိုယ်ပေါ်ထပ်လျက်ပါလာတယ် ။ အရင်ကထုထုပြုတ်ကျရင်ဖမ်းဆွဲနေကျသခင်ဟာခုတော့ပြုတ်ကျလာပြီတဲ့ ။ ဒါလုပ်တာကအဲ့လိုဖြစ်စေတာလား ။ ထုထုထိတ်လန့်သွားတယ် ။ ခြောက်ချားသွားတယ် ။
ဒါပေမဲ့ထုထုကြိုက်တယ်လေ ။ သခင်အိပ်ယာပေါ်ကျသွားတော့ပိုပြီးအားပြင်းပြင်းနဲ့ရှေ့ဆက်တယ် ။ ထုထုခေါင်းကိုဆွဲယူသွားလိုက် မွေ့ယာထဲနှစ်ချလိုက်နဲ့ ကွတ်ကီးလုပ်မဲ့မြက်ခြောက်တွေကို ချိုးနေမွှနေသလိုပါပဲ ။
သခင်ကအချိန်တော်တော်ကြာတော့မှရပ်တန့်ပြီးအဆုံးသတ်ကိုထုထုနှုတ်ခမ်းရှည်ထွက်လာတဲ့အထိဆွဲစုပ်သွားတယ် ။
ထုထုအသက်ကိုဟူးဟဲဟူးဟဲနေအောင်ရှုပြီး
သခင့်ကိုရယ်ပြလိုက်တယ် ။

YOU ARE READING
Xiao Tu Tu and Leo
FanfictionBJYX FANFICTION YIZHAN YIBO- GONG XIAO ZHAN-SHOU M-Preg