အခန်း (16) - သခင့်ကိုယောကျာ်းတော်လို့ရပြီလား ။
သူ့ယုန်... မဟုတ်သေး ကောင်ငယ်လေးကသူ့ရင်ဘတ်ထဲအတင်းတိုးနေတယ် ။ Sean က ဘောလုံးလေးလိုသူ့ရင်ထဲလိမ့်ဝင်တိုင်းအမြီးဖွားနဲ့ဖင်လုံးလေးမြောက်တတ်လာတာကသဘာဝ ။ အဲ့ဒါကအဆင်ပြေတယ်။ သူက ဖင်မြီးလေးကိုဖွရင်းချော့မယ် ။ အခုက....နှစ်မွှာသော လူသားတင်ပါးဆိုင်လုံးက တခါခါနဲ့ကော့တက်လာတာ အဆင်မပြေပေ။ အစေခံအချို့ခေါင်းမော့လာပြီမို့ Alpha က ကောင်ငယ်လေးကို ဝတ်ရုံဖြူနဲ့အုပ်လိုက်ပြီး သူ့အဆောင်တော်ရှိရာအမြန်ပြန်သွားလိုက်တယ် ။
အိပ်ယာပေါ်ချပေးတော့ လောကကြီးနဲ့မထိတွေ့ရဲသလို သူ့ကိုယ်ပေါ်ပြန်ကပ်တွယ်ပြီး ခွဖို့ချောင်းနေတဲ့ ကောင်ငယ်လေး ။
"ထုထုကိုသရဲခြောက်တယ် ထုထုကြောက် ထုထုကြောက် "
"သရဲ? "
သရဲဆိုတဲ့ဝေါဟာရကိုဒီလောကမှာ သူမကြားဖူးတာမို့ Alpha ကမျက်ခုံးတွန့်သွားတယ် ။ လင်းမြွေက ထုထုအိမ်ထဲခွေနေရင်းသူစိမ်းပြင်ပြင်ကြည့်နေတာတွေ့ရတယ်။
ထုထုAlpha ရဲ့ကိုယ်ပေါ်ကနေ ပြေးဆင်းသွားတယ် ။ လင်းမြွေကိုဖောက်သည်ချရမယ် ။ ထုထုကအားပါလာရင်ပခုံးတွေကိုလှုပ်ပြောရမှနေသာထိုင်သာရှိတာလေ ။ လင်းမြွေကပခုံးမရှိတော့ ရှိတဲ့လည်ပင်းကိုလှုပ်ပြောလိုက်တယ် ။ လင်းမြွေကိုထုထု မျက်လုံးပွင့်အရွယ်ထဲက ဒီလိုလည်ပင်းကိုလှုပ်လှုပ်ပြီးပြောလာတာမို့မဆန်းပေမဲ့ အခုတော့အရွယ်ရောက်ကောင်လေးက ညှစ်နေတော့ လျှာထွက်သွားတယ် ။မြွေကလည်ပင်းညှစ်ပြီးကိုင်လှုပ်တာခံနေရပါတယ် ။"အစ် အစ် အစ် "
"သူသေတော့မယ်"
Alpha က ပါးစပ်ကသာတားရင်း ဝင်မဆွဲ ။
"ဒီမှာသခင်းးး ထုထုပြောမဲးးးး "
အာလေးလျှာလေးပြောရင်း မျက်လုံးပြူးပြူးနဲ့စကားများနေတဲ့ ကောင်ငယ်လေးကို Alpha ဘာပြန်ပြောရမည်မသိ ။
"ဒါနဲ့ တစ်ထုထုတော့လွဲနေသလိုပဲ "
ထုထုမေးကိုလက်ထောက်ရင်းစဥ်းစားလိုက်တယ် ။ လက် ? ထုထုပြန်ကြည့်တော့ သရဲရှိနေပြန်တယ် ။ လှောင်အိမ်ထဲပြေးပုန်းတော့ သူ့ခေါင်းပဲဝင်သွားပြီး လှောင်အိမ်ကလိုတာထက်
ပြည့်ကျပ်နေပါတယ် ။

YOU ARE READING
Xiao Tu Tu and Leo
FanfictionBJYX FANFICTION YIZHAN YIBO- GONG XIAO ZHAN-SHOU M-Preg