အခန်း (30) - ဖိုက်တာထုထု ။
Alpha ပြန်ရောက်တာနဲ့တွေ့မြင်လိုက်ရတဲ့မြင်ကွင်းကတော့ မုန့်ပုံထဲဇိမ်ခံနေတဲ့သူ့ယုန်ပါ ။ သူ့ဖခင်ကကျွတ်လာတဲ့ယုန်အမွှေးတွေကိုစုပြီးယုန်ခေါင်းပေါ်အပုံလိုက်လေးတင်ပေးထားတယ် ။ ယုန်ရဲ့ကျောပြင်က ဒယ်ဒီ့လက်အောက်မှာကော့ကွေးနေတယ် ။
"ဒယ်ဒီ "
"ဟေ... အင်း ပြန်လာပြီလား အဟမ်း "
"Sean ကိုအစာစိုတွေအများကြီးကျွေးလို့မရဘူး"
"ဘာလို့လဲ ယုန်ပဲစားမှာပေါ့ "
"ဝမ်းပျော့စေတယ်ဒယ်ဒီ "
"ဘာကျွေးရတာလဲ "
"ဒယ်ဒီသူ့ကိုကြည့်မရဘူးမလား "
"အေး... မင်းသွားလို့သနားပြီးကြည့်ပေးနေတာ ရှုပ်ရှုပ်ရှက်ရှက်နဲ့ "
ထုထု ထလာပြီးလူကြီးကြီးကို ဂူးဂူးဂဲဂဲကြည့်လိုက်တယ် ။ ထုထုဘာသာနေတာလူကြီးကြီးပဲ
မုန့်လာယူဆို ။ မုန့်လာယူတော့လိုက်ပွတ်နေတာလေ ။Alpha က ယုန်စာဗန်းပြင်ပေးလိုက်ပြီး သူ့ဖခင်ကိုသာရယ်နေမိတော့တယ် ။
-----
တောင်ပေါ်ဒေသဖြစ်တာမို့ညမှောင်ချိန်ရောက်ရတာနဲ့အင်းဆက်သံတွေက သံပြိုင်သီဆိုနေတဲ့တေးသွားတွေပမာ ရစ်သိုင်းကျယ်လောင်လာတယ် ။ Alpha က ခန်းဆီးစကိုလုံအောင်ပိတ်ပြီး ဆော့နေတဲ့သူ့ယုန်ကို အင်းဆက်မနားအောင် အဝတ်ပါးလေးခြုံပေးထားတယ် ။
ထုထုဆော့နေတုန်းမာမီ့သီချင်းသံကြားတော့အခန်းပြင်ထွက်ပြီး အသံကြားရာလာခဲ့တယ် ။ မာမီကညစာပြင်နေရာကနေ ထုထုကိုလှမ်းပြုံးပြတယ်လေ။ ထုထုရှက်ပြီး နံရံအကွယ်လေးမှာပုန်းလိုက်ချောင်းကြည့်လိုက်နဲ့ မာမီ့ကိုချောင်းနေပါတယ် ။
"ဝင်လာခဲ့ပါဦးပဲစိန်လေးရဲ့ "
ထုထုပဲမများထားပါဘူး ။ သခင်ဝတ်ပေးလိုက်တာလေ ။ ထုထုလန်တက်နေတဲ့အဝတ်စကိုသပ်ချပြီးမီးဖိုချောင်ထဲခုန်ဆွဆွဝင်လာခဲ့တယ်။
"မီးဖိုချောင်ထဲအမွှေးတွေလွင့်မယ်ကွာ... ကိုယ့်ကိုပေး "
လူကြီးကြီးက ရေဘူးလာယူသလိုနဲ့ထုထုကိုကောက်ချီပြီး မီးဖိုထဲကအမြန်ထွက်လာတယ် ။ ပြီးရင်ထုထုရှုပ်တယ်လို့ပြောဦးမယ် ။

YOU ARE READING
Xiao Tu Tu and Leo
FanfictionBJYX FANFICTION YIZHAN YIBO- GONG XIAO ZHAN-SHOU M-Preg