လက်သည်းကိုကိုက်ရင်း ယောက်ဖဖြစ်သူကိုခိုးကြည့်နေတဲ့ရှောင်းကျန့်က လတ်တလော တိတ်ဆိတ်မှုကိုသဘောခွေ့နေတယ် ။တစ်မိနစ်လောက်ဖြစ်ဖြစ်အဆူမခံရသေးတော့မကောင်းဘူးလား ။ သည်းမခံနိုင်တော့တဲ့ ယောက်ဖဖြစ်သူကပဲ သက်ပြင်းလေးလေးပင်ပင်မှုတ်ထုတ်ရင်းစကားဝိုင်းကိုစတယ် ။
"မင်းအစ်မသိသွားရင် ဘယ်လိုလုပ်မလို့လဲ ၊ ရှောင်းကျန့်ကလူကြီးတွေမသိအောင်ခိုးလုပ်တတ်နေပြီလား? "
"ကျန့်ကျန့်လည်းလူကြီးပဲကိုနော် အဲ့လိုမပြောပါနဲ့ ၊ ကျန့်ကျန့်ခိုးမလုပ်ပါဘူး ပေါ်တင်မပြခဲ့တာပဲရှိတာပါ "
"ခိုးလုပ်တာမဟုတ်ဘူး? ပေါ်တင်မပြတာ? "
"ဟုတ်တယ်လေ ကျန့်ကျန့်မှာယုန်ကလေးတွေ
မမွေးထားဘူးလို့မလိမ်ဘူးလေ ၊ ကျန့်ကျန့်ယုန်လေးတွေမွေးထားတယ်လို့မပြောတာပဲရှိတာကို"ယုန်ဖြူကခေါင်းတခါခါနဲ့ပြုံးလိုက်တယ် ။ စကားကိုလှည့်ပတ်ပြောတဲ့အကျင့်လေးကတော့လေ ။
" မမကိုမပြောပါနဲ့ "
"တစ်အိမ်ထဲအတူနေတာ သူလည်းတစ်နေ့
မြင်မှာပဲလေ ""ကောပြောပေးပါလား ၊ သူကမဆိုးပါဘူး အရမ်းလိမ္မာတယ် "
ယခုချိန်ထိ အိန္ဒြေရရထိုင်နေတဲ့ယုန်ကို ယောက်ဖဖြစ်သူက လှမ်းကြည့်လာတယ် ။
"မဖြစ်သေးပါဘူးကွာ မင်းအစ်မက အကောင်ပလောင်တွေမုန်းကမုန်းနဲ့ ၊ မင်းမီးလောင်နေတဲ့နေရာဝင်ပြေးသွားပြီးတဲ့နောက်ပိုင်း ပိုလို့တောင်ဆိုးလာသေးတယ် "
"နောက်ထပ်မီးမလောင်တော့ပါဘူး "
"နောက်ထပ်မလုပ်တော့ပါဘူးမဟုတ်ဘဲနဲ့
မီးမလောင်ဘူးဟုတ်လား မင်းကမီးအဖေကြီးလား ၊ မင်းကတော့ကွာ ""ကော ကျန့်ကျန့်လိမ္မာပါ့မယ် သူနဲ့နေပါရစေနော် ၊ မခွဲနိုင်လို့ပါ "
"သူများကြားရင်မိန်းမခိုးလာတယ်ထင်ဦးမယ် တိုးတိုးပြောစမ်း "
"ကော "
"ဟူး... မင်းအစ်မကိုတော့ ငါပြောကြည့်ရမှာပေါ့ ၊ သူပြဿနာရှာရင်ငါလည်းကယ်မရတာသိတယ်မလား? "

YOU ARE READING
Xiao Tu Tu and Leo
FanfictionBJYX FANFICTION YIZHAN YIBO- GONG XIAO ZHAN-SHOU M-Preg