အခန်း (၃၁) - ထုထုနည်းနည်းလေးတော့လွဲသွားတယ် ။
အိပ်ခန်းထဲခြေချိတ်ပြီးဖုန်းသုံးနေတဲ့ယုန်ကို Alpha က စိတ်ချလက်ချထားခဲ့ပြီး မိခင်ဖြစ်သူကိုကူဖို့ထွက်သွားပါတယ် ။ လာဗီယာကလည်းပေါင်းပင်လေးတွေနှုတ်ရင်းသူမမိခင်နဲ့ နန်းတော်ကအကြောင်းတွေဖောက်သည်ချနေတယ် ။
ဆိုတော့အားနေတာက ယုန်နဲ့ Alpha ရဲ့ဖခင်နှစ်ဦးသာရှိတော့တယ် ။ Alpha ရဲ့ဖခင်က ယုန်ထွက်မလာတော့ စာပို့လိုက်တယ် ။
'Hi '
'hellyo it's me TuTu '
'အိမ်ရှေ့မလာဘူးလားကွ '
'tutu playhwngsjnavh gome tutu ahwnvehg fishes hwhvwyhb ok¿ '
' မုန့်ရှိတယ်ကွ'
ထုထုအလေးပြုလိုက်တယ် ။ လူကြီးကြီးကထုထုစိတ်ကိုကောင်းကောင်းသိတာကိုး ။
'thqnwkk you slut ...wait tutu very so booty tutu comwgnwvking right yestwhjday gome ok '
( trans : ကျေးဇူးတင်ပါတယ်... အလေးပြု!
ထုထုကိုခဏစောင့်နော ထုထုဂိမ်းတစ်ပွဲပြီးရင်လာခဲ့ပါ့မယ် OK ဗျ )Alpha ရဲ့ ဖခင်ကအဆဲခံလိုက်ရတာမို့ ဘာဆက်ပို့ရမယ်မသိတော့ ။ ထုထုအလေးပြုနေတဲ့စတစ်ကာလေးပို့လိုက်ပြီး ငါးဖမ်းဂိမ်းကိုဆက်ဆော့နေလိုက်တယ် ။ ငါးဖမ်းဂိမ်းက အလောင်းအစား
ဂိမ်းဖြစ်ပြီး ငွေအစစ်ဖြည့်သွင်းဆော့ရတာဖြစ်တယ် ။ Game တွေလျှောက် down ပြီး ဆော့ချင်ပါတယ်ဆိုပြီးပြလာတော့ မနေနိုင်တဲ့ Alpha ကိုယ်တိုင်ငွေဖြည့်ပေးခဲ့တာ ။ ဖြည့်ပေးခဲ့သမျှလည်းကုန်သလောက်ရှိနေပါပြီ ။ ကုန်သွားရင်လည်း ယုန်ကထပ်ပူဆာဖို့အလားအလာရှိ၏ ။****
Alpha ကိုမှီလို့ခွေခေါက်နေတဲ့ယုန် ။
ဒီနေ့သူတို့ပြန်တော့မှာပါ ။" ဟိုယုန်ဒီကိုလာခဲ့ဦး "
ထုထုမသိချင်ယောင်ဆောင်နေလိုက်တယ် ။
ထုထုကို ဟိုယုန်လို့မခေါ်ပါနဲ့ ။ ထုထုမှာနံမည်ရှိတယ် ။နောက်ဆုံးမှာတော့ Alpha ရဲ့ဖခင်ကသွားလိုက်ရတယ် ။
"ရော့ "
ထုထုအတွက် ရွှေငါးကြင်းလေးတစ်ကောင်ကို ဖန်ဆွဲအိမ်လေးထဲထည့်ပေးထားတာပဲ ။ ထုထုကပျော်သွားပြီးပုလင်းလေးကိုဖက်ထားလိုက်တယ် ။

YOU ARE READING
Xiao Tu Tu and Leo
FanfictionBJYX FANFICTION YIZHAN YIBO- GONG XIAO ZHAN-SHOU M-Preg