အခန်း (၅၇) - ရှုပ်ထွေးလိုက်တာ ။
အရုပ်ကိုမြေပေါ်တန်းလန်းဆွဲချလာရင်း နန်းတော်ထဲလမ်းသလားလာတဲ့ထုထုတစ်ယောက် Ice ကိုတွေ့လိုက်ပါတယ် ။ ထုထု Ice ဘေးနားဝင်ထိုင်ပေမဲ့ Ice မျက်နှာလွှဲသွားတယ် ။
"စိတ်ကောက်နေတာလား အေ့ စိတ်ကောက်ရဘူးနော် စိတ်ဆိုတာထုထုပဲကောက်ရမှာ ""မင်း ကမ္ဘာကြီးဆီကို မပြန်ချင်ဘူးလား "
"ထုထုကမ္ဘာကြီး? သခင့်ကိုပြောတာလား သခင်ကထုထုကမ္ဘာကြီးလေ အခုတောင်လိုက်ရှာနေတာ တွေ့သေးဘူး ဘယ်မှာရှိနေလဲ "
"Sean "
Ice က ပုံမှန်ထက်အေးစက်ပြတ်သားနေတာမို့ ထုထုနည်းနည်းရှိန်သွားတယ် ။ အေးခဲလွန်းတဲ့ဆောင်းညမှာသူ့ကိုအန္တရာယ်ပြုခဲ့တဲ့မျက်ဝန်းတွေလိုမျိုး စူးရဲလာတော့ အနောက်ကိုရွေ့လိုက်မိတယ် ။
"မင်းဘာတွေလုပ်နေတာလဲ.... သခင်နဲ့ဖြစ်ချင်တာဖြစ်ပြီးရင်တော်ပြီပေါ့ဘာလို့အဆုံးထိတွယ်ကပ်နေတာလဲ ၊ ဘာတွေဖြစ်လာနိုင်တယ်ဆိုတာငါသေချာရှင်းပြထားတာကိုတောင်.... မင်းသခင့်ကိုဒုက္ခပေးချင်နေတာလား "
Sean က ရုတ်တရတ် အဆူအငေါက်ခံလိုက်ရတာမို့မျက်ရည်တွေအိခနဲဝိုင်းတက်လာတယ်။
"သခင်က ထုထုအပိုင် "
"သခင်က ဒီလောကရဲ့အပိုင်ပဲ မင်းဆက်တွယ်ကပ်နေရင် ..."
"ထုထုလည်း မတတ်နိုင်လို့ပေါ့ "
အသံကျယ်နဲ့အော်ရင်း Ice ကိုထုရိုက်လို့အော်ဟစ်နေတာမို့ Ice စိတ်ညစ်သွားတယ် ။ စတွေ့ထဲက အူတူတူမှန်းသိပေမဲ့ အရိပ်အကဲတော့မှန်းတတ်မယ်ထင်ခဲ့တာ ။ အခုတော့အစီအစဥ်ကြီးကြီးနဲ့လုပ်ခဲ့သမျှ နှစ်ယောက်သားက အသေအကျေတွေလာချစ်ပြနေတယ် ။ အချစ်ဆိုတာကိုနားမလည်တဲ့သူ့အတွက်တော့ အပျော်ရှာဖို့ဆိုတာမခက်ခဲတဲ့အရာ ။ အလှလေးတွေအကုန်ရင်ခွင်ထဲပွေ့ထားနိုင်သလိုအချိန်လို့ မိတ်ဖက်ရလာရင်လည်းသူအသာတကြည်လက်ခံယူလိုက်မှာပဲ ။ အချစ်ဆိုတာ ဒီလောကထဲ ဘာများအရေးပါနေလို့လဲ ။ အရာရာအသွေးအသားနဲ့စံချိန်တင်နေကြတာပဲလေ ။
"ရွံဖို့ခေါင်းတယ်နှာရည်တွေနဲ့ "
Sean က နှာခေါင်းကိုပွတ်ဆွဲပြီးလက်မှာပေလာတဲ့ အကြည်ရည်တွေကိုငုံ့ကြည့်တယ် ။

YOU ARE READING
Xiao Tu Tu and Leo
FanfictionBJYX FANFICTION YIZHAN YIBO- GONG XIAO ZHAN-SHOU M-Preg