အခန်း ( ၃၈) - လူကြီးကြီးလာလည်တယ် ။
လာဗီယာလက်ကချွေးတွေကိုသုတ်ပြီးသူမအစ်ကိုနဲ့အကြည့်မစုံအောင်ရှောင်နေရပါတယ် ။ သူမစကားမှားသွားခဲ့တာကြောင့် Sean အကြောင်း ခမည်းတော်တို့သေချာသိသွားပြီ ။ မောင်နှမနှစ်ယောက်ကိစ္စအကြီးကြီးရှိရင်တောင်ပြန်မလာတတ်တဲ့ ခမည်းတော်က အခုချက်ချင်းရောက်ချလာတယ် ။
"ဒယ်ဒီ "
"ဟိုယုန်ဘယ်မှာလဲ "
အော်... ဒီမှာပါ ။ ထုထုဒီမှာ ။
လာဗီယာဂါဝန်ပေါ်က အမွှားစလေးတွေကိုလက်နဲ့ရိုက်ဆော့နေတဲ့ယုန်က ခုန်ဆွဆွနဲ့ထွက်လာပြီးလက်ပြနှုတ်ဆက်လိုက်တယ် ။
"လူဆို "
Alpha က သူ့ညီမကိုအေးစက်စက်စိုက်ကြည့်လိုက်တော့တယ် ။
"ညီမလေး... တမင်ပြောတာဟုတ်ပါဘူး "
ဘာတွေဖြစ်တာလဲ ။ ဘာဖြစ်နေကြတာလဲ ။ ထုထုကိုလည်းပြောကြပါဦး ။ ခြောက်ပေကျော်အရပ်ကြီးတွေရဲ့မျက်နှာကိုမြင်နိုင်ဖို့ထုထုက ဟိုကြည့်ဒီကြည့်နဲ့ ဇက်ကျိုးအောင်မော့နေရတယ် ။
"ရော့ "
လူကြီးကြီးကို ဧရာမအထုပ်ကြီးကိုချပေးတော့ ထုထုချောင်းပြီး ဖွင့်လိုက်တယ်။ ဝါးးးးး ။
မြက်မျိုးစုံပါလားဟေ့ ။ ထုထုတော့ပွပြီကွာ ။
နေဗီယာမြက်တွေကိုထုထုဖယ်လိုက်ပြီး ကျန်သုံးမျိုးကိုထုထုဆွဲထုတ်လိုက်တယ် ။ မြက်တွေကို
တွန်းလှိမ့်ပြီး မြက်ဘောလုံးလုပ်နေတဲ့ယုန်က ခုန်ဆွဆွနဲ့ ကဆုန်ပေါက်နေတော့တာပဲ ။"ဒယ်ဒီ "
"သူလူမဖြစ်သေးဘူးလားဟ မြက်စားနေတုန်းပဲ "
"ဟုတ်... ယုန်ကတော့မြက်စားပေးရပါတယ် "
"လူဖြစ်ရင်ရော "
"အစုံစားတယ် "
ထုထုက သခင့်ငှက်ပျောသီးအကြိုက်ဆုံး ။ ငှက်ပျောသီး နံပါတ်မှာဝမ်း ။ ထုထုဗိုက်ပေါက်အောင်စားပစ်လိုက်မယ် ။
****
Alpha က အနားယူချိန်လေးသူ့ယုန်နဲ့ကျူးချင်ပေမဲ့ သူ့ဖခင်ကတော်တော်ကြာလာတာတဲ့အထိအခန်းထဲကထွက်မဲ့ပုံမရ ။ ထိုင်ခုံမှာကျကျနနထိုင်ပြီး ဆော့နေတဲ့ယုန်ကိုကြည့်နေတယ် ။ သားအချစ်မြေးအနှစ်ဆိုသလိုပေါ့ ။

YOU ARE READING
Xiao Tu Tu and Leo
FanfictionBJYX FANFICTION YIZHAN YIBO- GONG XIAO ZHAN-SHOU M-Preg