"အဆိုးလေးကွာ ငြိမ်ငြိမ်နေ"
ဟုတ် ။ ထုထုမှန်ထဲကသခင်နဲ့ထုထုကိုငြိမ်ငြိမ်လေးထိုင်ကြည့်လိုက်တယ် ။ သခင်ကထုထုကိုအရေပြားထိရောက်အောင် နှိပ်နယ်ပေးနေပါတယ် ။
သခင်နဲ့မှန်ထဲအကြည့်ချင်းဆုံသွားတော့သခင်ကမျက်စိတစ်ဖက်မှိတ်ပြတယ် ။ ဟာနော်နော် ထုထုရှက် ။ ထုထု လက်လေးတွေနဲ့ မျက်လုံးပိတ်ထားပြီးမွေ့ယာထဲမျက်နှာနှစ်ချလိုက်တယ် ။
"ရှက်နေတယ်ပေါ့ ပြော...ကိုယ့်ကိုချစ်လား "
ကဲလွန်းပေမဲ့ ရှက်ချင်ရင်လည်းနှစ်ကောင်မရှိတဲ့ယုန်လေးကို Alpha က မရရအောင်လိုက်သတယ် ။ ချစ်ပါတယ်လို့ဆိုဗျာဗျာဗျာလို့ဆိုဗျာ ။
"မနေ့ကဦးထုပ်ကြိုက်လားအဝတ်တွေကျန်သေးတယ်နော် "
ဟုတ်သား ထုထုရထားတာတွေများလို့မေ့တောင်နေပြီ ။ ထုထုကုတင်အောက်ကိုဆင်းလိုက်တယ် ။ ကုတင်အောက်အဝတ်တွေဖွက်ထားတဲ့ ယုန်ကသူ့ကိုထပ်ပြီး Surprise တိုက်ပါတယ် ။ ထုထုသတိရတုန်းလေး သခင့်ခြေထောက်ကိုပုတ်ပြီး လိုက်ခဲ့ဖို့အချက်ပြလိုက်တယ် ။ သခင်က လိုက်လာတယ် ။ သခင့်အဝတ်ဗီဒိုကိုထပ်ပုတ်ပြလိုက်တယ် ။ သခင်ကဖွင့်ပေးတော့ ထုထုကိုလောရှည်ဗီဒို
ကောင်ကိုလေ့လာလိုက်ပါတယ် ။ သခင့်အဝတ်တွေအားကြီးပဲ ။ ထုထုသခင့်အဝတ်တွေနေရာနည်းနည်းရွှေ့ချင်ပေမဲ့ ထုထုဂျပုဖြစ်နေတယ် ။ ထုထုနားရွက်တွေကုတ်ပြီးစိတ်တိုသွားတယ် ။"ပွန်းမယ်လေ အဝတ်ထားဖို့နေရာလိုချင်တာလား "
ထုထုဇက်လေးမော့ပြီးသခင့်စကားကိုထောက်ခံကြောင်းပြလိုက်တယ် ။ ထုထုအလှန်လွန်ပြီး ဖင်ထိုင်လျက်လေးပြုတ်ကျသွားတယ် ။ အားယို့။
သခင်ကထုထုကိုထူပေးပြီးအဝတ်တွေကိုအနည်းငယ်ရွှေ့လိုက်တယ် ။ ပိုလာတဲ့
နေရာကျဥ်းလေးမှာထုထုအဝတ်တွေစီထည့်လိုက်ပါတယ် ။ ထုထုပါဗျာအောက်သက်ကျေတဲ့ထုထုလေးပါ။Alpha က ဗီဒိုစောင်းမှာ မှီရပ်ရင်း ယုန်လုံးလေးလုပ်သမျှကြည့်မဝနိုင်ခဲ့ပေ ။
Alpha မြို့တွင်းစစ်ဆေးရေးပြီးဆုံးတော့ အိမ်ပြန်လာခဲ့တယ် ။ နောက်ရက်တွေသူ့ယုန်လေးကိုအလုပ်ဆီခေါ်လာချင်မိတယ် ။ လွမ်းနေရတာအဆင်မပြေလှပေ ။

YOU ARE READING
Xiao Tu Tu and Leo
FanfictionBJYX FANFICTION YIZHAN YIBO- GONG XIAO ZHAN-SHOU M-Preg