抖阴社区

                                    

ဆိုင်ရှင်က အသဲပုံပါးနီဘူးသေးသေးလေးထုတ်ပြတယ် ။ 

"အရောင်ကဆယ်မျိုးထိရှိပါတယ် ခေါင်းဆောင် ဘယ်အရောင်များလိုချင်သေးလဲ "

Alpha က မှန်တွေကိုဖွင့်လိုက်ပြီးသူ့အိတ်ကပ်ထဲကယုန်ကို ဆိုင်ရဲ့ ပစ္စည်းထည့်ပြထားတဲ့ခုံပေါ်တင်ပေးလိုက်တယ် ။

"ဘယ်ဟာလိုချင်လဲ "

ထုထု ဘူးအစိမ်းရောင်လေးကိုရွေးလိုက်တယ် ။ သခင့်မျက်လုံးတွေလိုစိမ်းဖန့်ဖန့်လေး ။

Alpha က ဘူးကိုမှန်ပါတဲ့ဘက်ချိုးချလိုက်တယ် ။ သူက ကျသင့်ငွေရှင်းပေးပြီးတာနဲ့ အနားကလက်လုပ်ပစ္စည်းတွေရောင်းတဲ့ဆိုင်ကိုသွားပြီး မှန်သေးသေးလေးကို ယုန်တစ်ကောင်ကိုင်တွယ်လို့အဆင်ပြေမဲ့ပုံပြောင်းလဲပေးဖို့အပ်လိုက်တယ် ။ အဲ့ဒါလေးကယုန်လက်ပတ်နဲ့တောင်တူနေပါတယ် ။မှန်ရလာတော့ ထုထုလက်မှာပတ်ပြီးမှန်ကြည့်လိုက်တယ် ။ လှလှ ။

Alpha က သူ့အလုပ်တွေပြီးတဲ့အချိန် လတ်တလော ကြန့်ကြာခဲ့ရတဲ့သားရဲ Training ဆင်းပေးဖို့တပည့်တွေကို စီစဥ်ခိုင်းလိုက်တယ် ။ဆယ်နှစ်တစ်ကြိမ် သားရဲမျိုးနွယ်စုတွေထဲမှာနောက်ဆုံးအနိုင်ရလာတဲ့ အင်အားအကြီးဆုံးသားရဲဟာ Alpha ရဲ့ အခြွေအရံသားရဲဖြစ်လာရတယ် ။ သူ့ယုန်လေးကိုခေါ်သွားသင့်ရဲ့လားသူမသိပေ ။ ယုန်ဆိုတာ သားရဲတွေအတွက်သူတို့ချပေးထားတဲ့သဘာဝ ရိက္ခာတစ်ခုပဲလေ ။

သားရဲကွင်းရောက်တော့ ထုထုလန့်သွားတယ် ။ ကျားသစ်နက်တစ်ကောင်က သခင့်ကိုမြင်တော့ဦးညွှတ်လာတယ် ။ ထုထုသခင့်အိတ်ထဲကနေ
စပ်စုလိုက်ပါတယ် ။ သားရဲကောင် ဒီမှဘာလာလုပ်တာလဲနော် ။ သူကသခင့်ကိုရိုကျိုးပေမဲ့ထုထုကိုတော့ကိုက်စားချင်နေပုံပဲ ။ ရမလားပြော
ကြည့်။

Alpha အုပ်ချုပ်တဲ့သက်တမ်းသုံးဆယ်အတွင်း သားရဲကောင် သုံးကောင်ပိုင်ဆိုင်ခဲ့တယ် ။

"Black သူကမင်းသူငယ်ချင်းပဲ "

Alpha ကိုယုန်ကိုလုံခြုံစွာလက်ထဲပွေ့ထားရင်းသူ့သားရဲကောင်ကို ယဥ်ပါးစေလိုက်တယ် ။ Black ကတော့သူ့တစ်ကိုက်စာရှိတဲ့ ယုန်ကိုအဖက်မလုပ်ဘဲ သူ့ဘာသာလေ့ကျင့်ရေးကွင်းထဲဆင်းသွားတယ် ။

Xiao Tu Tu and Leo Where stories live. Discover now