抖阴社区

                                    

Alpha ရဲ့မျက်ခမ်းစပ်တွေပေါ် သူ့ယုန်ရဲ့အမြီးပုတိုလေးကတလှုပ်လှုပ်။ သူ့ယုန်ကတော့လည်စိဆီပြေးဆင်းသွားပြန်ပြီ ။ အဲ့ကနေရင်ဘတ် ။ မသင့်တော်တဲ့နေရာထိသွားနေတဲ့သူ့ယုန်ကသူမထားမချင်း သူ့ကိုအူယားမှုနဲ့လိုက်ကိုက်မဲ့အနေအထားရှိတာမို့သူဆွဲဖမ်းလိုက်ပြီး အဝတ်လဲဖို့ကူရွေးခိုင်းလိုက်တယ် ။ ဒီလိုကျတော့လည်းသူ့ယုန်က ကလေးလေးလိုပါပဲ ။အဆော့မက်တဲ့ကလေးလေးပေါ့။ယုန်ကသူ့ကိုအဝတ်ကူမရွေးပေးဘဲ မှီတဲ့နေရာကိုက်ဖို့ချောင်းနေတယ်။

"အူယားလို့လား "

ပခုံးကိုခဲထားတဲ့ယုန်ကိုသူအသာပွတ်သပ်ပေးပြီးမေးလိုက်တယ် ။ ယုန်ကသူ့ကိုအာရုံမရဘူး ။ အဝတ်ဝတ်လိုက်တဲ့အခါယုန်ကပါသူ့အဝတ်အောက်ရောက်သွားတယ် ။ ကိုက်ခဲထားတာကိုလုံးဝမလွှတ်ပေးတော့ ယုန်ကိုပါထည့်ဝတ်လိုက်ရုံအပြင်မရှိပေ ။ ထုထုသတိပြန်ကပ်လာတော့ သခင်ကသူ့ကိုအတွင်းဝတ်ဘဝပို့ထားတာတွေ့လိုက်တယ် ။ ထုထု အင်္ကျီထဲကထွက်လာပြီးလည်ပင်းပေါက်ကနေခေါင်းပြူချောင်းလိုက်တယ် ။ သခင်ကခေါင်းအသာပွတ်ပေးပြီး ကြယ်သီးတစ်လုံးပြန်ဖြုတ်ပေးတယ်။ထုထုဖင်လေးတစ်နေလို့လေ ။

"နောက်လနှင်းထူပြီးလပြည့်တဲ့အချိန်ကျရင်ကိုယ်တို့အစီအရင်တွေလုပ်ရမဲ့ကာလပဲ အဲ့အချိန်နီးရင်ကိုယ်တို့ခဏခွဲနေရမယ် "

ထုထုကနားထောင်နေပေမဲ့အာရုံတော့သိပ်မရဘူး ။ အထိန်းတော်ကြီးက တံခါးခေါက်ပြီးအရုပ်တွေလာပို့ပေးသွားတယ် ။ လာဗီယာကအရုပ်တွေအများကြီးထိုးပေးထားတာပဲ ။

"ဆော့မှာလား..ကိုယ်ခဏအိပ်ဦးမယ် "

ညကအိပ်ရေးပျက်ထားတဲ့သခင်ကိုထုထုချော့သိပ်လိုက်တယ် ။ ကျောရိုးပေါ်လက်လေးနှစ်ဖက်နဲ့နှိပ်ပေးနေတဲ့ယုန်ရဲ့အထိအတွေ့ကိုခံစားရင်း Alpha က အပြုံးတစ်ပွင့်နဲ့အတူအိပ်ပျော်သွားခဲ့ပါတယ် ။

Alpha ရဲ့မျက်ခွံတွေရှေ့ထုထုလက်လှုပ်ကြည့်တယ်။ ယေ့ယေ့ သခင်တကယ်ကြီးအိပ်ပျော်သွားပြီ ။ထုထုမွမွတစ်ချက်ပေးပြီး မွှေဖို့ချောင်းလိုက်တယ်။ ဒီမှာမြက်ဖြူဖြူလှလှလေးရှိတယ်နော် ။ ထုထုကိုက်လိုက်တယ် ။ ဒီမှာလည်းတစ်ခု။ ထုထု ဖြူလှလှချောင်းလေးတွေကိုအပျင်းပြေကိုက်ဆော့ပစ်လိုက်တယ်။အရသာမရှိပေမဲ့ကိုက်လို့ကောင်းတယ် ။ လာဗီယာပ်ု့ပေးလိုက်တဲ့ အရုပ်တွေကိုခေါင်းပေါ်ထမ်းပြီး ဝမ်းလျားမှောက်အိပ်နေတဲ့ သခင့်ကျောပေါ်တင်လိုက်တယ် ။ ထုထုသခင့်ကျောပေါ်မှာဆော့မို့ ။

Xiao Tu Tu and Leo Where stories live. Discover now