ထုထုကတစ်ယောက်ထဲဆော့နေပေမဲ့သူ့သခင်အိပ်ပျော်နေတော့ပျင်းလာတယ် ။ နောက်ဆုံးမှာတော့သူ့ခင်ကျော်ပေါ်ဝမ်းလျားမှောက်လေးဖက်လို့အိပ်ပျော်သွားပါသတဲ့ ။
ထုထုနိုးလာတော့ သခင့်ရင်ခွင်ထဲမှာကလေးလေးလိုအိပ်နေရတာလေ ။ သခင်ကငုံ့ကြည့်ပြီးပြုံးပြတယ် ။
"နိုးပြီလား "
ထုထုသခင့်ရင်ခွင်ထဲခေါင်းလေးတိုးလို့ခပ်ချွဲချွဲမော့ကြည့်လိုက်တယ် ။
"နှင်းတွေကျနေပြီ "
ထုထုပြတင်းဝကိုကြည့်လိုက်တယ် ။ နှင်းဖွေးဖွေးလေးတွေက ဝေ့ဝေ့ဝဲဝဲကျလို့ ။ ဒါပေမဲ့ နှင်းတွေက မြေပြင်ထိမကျဘဲလေထဲဝေ့ဝဲလို့နေတယ်။ Alpha က သူ့လက်ကို ပြတင်းအပြင်ထုတ်ပြီး နှင်းအချို့ယူလိုက်တယ် ။
"ပထမဆုံးကျတဲ့နှင်းက ကံကောင်းစေတယ် ၊ ကျန်းမာရေးအတွက်လည်းကောင်းတယ် "
သခင်ကထုထုစားလို့ရအောင်လက်ခုပ်လေးကိုနှိမ့်ပြီးဖြန့်ပေးထားတယ် ။ ထုထုလျှာနဲ့တို့ကြည့်ပြီးမှ နှင်းအဆုပ်လိုက်ကိုပါးစပ်ထဲထည့်လိုက်တယ် ။ Alpha က လောဘကြီးတဲ့ယုန်လုံးလေးကို ရယ်လိုက်ပြီးမှ ရပ်တန့်ထားခဲ့တဲ့နှင်းတွေပုံမှန်အတိုင်းဖြစ်အောင် လက်လှုပ်ပြီးခွင့်ပြုလိုက်တော့တယ် ။ ပထမဆုံးနှင်းတွေကျနေခဲ့တာ နာရီပိုင်းလောက်ရှိပြီ ။ သူ့ယုန်လေးကိုပြချင်ပေမဲ့
မနှိုးရက်ခဲ့တာကြောင့်ရပ်တန့်စေခဲ့တာပဲ ဖြစ်၏ ။ Alpha က ဖုန်းအားသွင်းဖို့ထသွားတဲ့အခါ ကိုက်ဖြတ်ခံထားရတဲ့ အားသွင်းကြိုးကိုတွေ့လိုက်ရတော့တယ်။ထုထုက ကြောက်ကြောက်နဲ့မတ်တပ်လေးရပ်ပြီးနားရွက်လှုပ်နေတယ် ။ လက်လွန်ကြက်သွန်ဖြစ်သွားတဲ့ ကြိုးတွေက
သခင့်အပိုင်မှန်းထုထုမသိခဲ့ ။ ထုထုဟာထင်လို့လေ ။"ကိုယ့်ကို အိပ်ယာကူရှင်းထားပေး ညစာပြင်လိုက်မယ် "
Alpha က မျက်စိမှိတ်ပြပြီး ပျက်စီးနေတဲ့ကြိုးလေးကိုင်လို့ထွက်သွားတော့တယ် ။
ဟူး ထုထုလန့်လန့် ။
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

YOU ARE READING
Xiao Tu Tu and Leo
FanfictionBJYX FANFICTION YIZHAN YIBO- GONG XIAO ZHAN-SHOU M-Preg