抖阴社区

                                    

Alpha က သူ့ယုန်ရဲ့အောက်ပိုင်းကိုအဝတ်စနဲ့သေချာသန့်စင်ပေးလိုက်တယ် ။ သူ့ယုန် သေးပူလောင်သွားမှာသူသိပ်ကြောက်ပါတယ် ။ ရောက်ခါစက အထီးအမခွဲဖို့ သူဖြဲရဲရှာကြည့်ပေမဲ့တောရိုင်းယုန်တွေကခြောက်လသားကျော်မှ လိင်အင်္ဂါခွဲခြားနိုင်လိမ့်မယ်လို့ သိခဲ့ရတယ် ။ Sean က ဘာကောင်လေးပဲဖြစ်နေနေ သူချစ်ရတာပါပဲ ။ သူရှာနေတာကတော့ သိချင်တာထက် Sean သာအထီးဆိုရင် ယုန်မတွေကိုနန်းတော်ထဲသွားလာခွင့်ပိတ်မယ် ။ အမဆိုရင်လည်း အထီးတွေကို ခြေရာဖျောက်ပစ်မယ် ။ ယုန်တွေမှာ လိင်တူချစ်ကြိုက်ခြင်းမရှိတာနဲ့ မျိုးရိုးမကွဲတာတော့သူကျေးဇူးတင်ရမယ် ။ မဟုတ်ရင် Sean ကိုပေးဆော့လို့ရမှာမဟုတ်တော့ဘူး ။

ထုထုကိုငေးနေတဲ့သခင့်ကိုထုထုကြည့်လိုက်တယ် ။ ထုထုက ဝမ်းနည်းနေပါတယ်ဆိုသခင်ကပိုဆွေးနေတာပဲ ။ထုထုဘယ်လိုအသနားခံရတော့မလဲပြော ။ ထုထု လူဆိုးလေးမဖြစ်ချင်ပါဘူး။ သခင့်ကို ချစ်တော့မခွဲနိုင်ဘူးပေါ့ ။ သခင်က ထုထုဆိုးတယ်ပဲထင်သွားမလားမပြောတတ်ဘူး။ ထုထုအရှုံးပေးလိုက်တယ် ။

ယုန်က လက်ပြင်ကုန်းလေးချပြီးသူ့သခင်အနားအားမပါသလိုလျှောက်သွားပြီး ပါးလေးတွေပွတ်ပေးလိုက်တယ်။ သခင် စိတ်မညစ်နဲ့တော့ ။ ထုထုဆိုးတော့ဘူး ။ ထုထုသခင့်မျက်နှာပေါ်ပါးအပ်လိုက်တယ် ။ ထုထုကိုအနမ်းလေးပဲပေးပါတော့လေ ။

Alpha က စိတ်မထိန်းနိုင်ဘဲ လုံးသေးသေးယုန်ခေါင်းကိုပါးစပ်ထဲဆွဲငုံလိုက်မိတယ် ။ ထုထုက
လန့်သွားပြီးစိုရွှဲနေတဲ့သူ့ခေါင်းကိုစမ်းလိုက်တယ် ။

အိုး... Alpha က ယုန်တစ်ကောင်ရဲ့ ခပ်နာနာထုရိုက်ခြင်းကိုအကြာကြီးခံလိုက်ရတာပေါ့ ။

****

ထုထုနိုးလာတော့သခင်မရှိတော့ဘူး ။ ထုထုအခန်းပြင်သွားကြည့်တဲ့အခါ အစေခံအချို့ကထုထုကိုမြင်သွားပြီး အစာလာကျွေးတယ် ။ လှောင်အိမ်ထဲ ခွက်တစ်လုံးနဲ့ထည့်ထားတဲ့ အစာတွေကိုမြင်တော့ ထုထုမျက်ရည်ဝဲသွားတယ် ။ထုထုကဘဝသမားလေးဖြစ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဒီရောက်ကတည်းက သခင်ကအမြဲ အိပ်ယာပေါ်တက်ပြီးခွံ့ကျွေးခဲ့တာ ။ အစာစားရင်းသူတို့စကားပြောတယ် ။ သခင်အလုပ်သွားခါနီးရေချိုးခန်းဝင်တာနဲ့ထုထု အကြံထုတ်ပြီးနောက်ကခိုးလိုက်မယ် ။ အခုတော့ လှောင်အိမ်ထဲအစာတစ်ခွက်နဲ့ မောင်းထည့်ခံခဲ့ရတာပဲ ။ ထုထုအဆာပြေအောင်နည်းနည်းစားပြီး အိပ်ယာပေါ်ပြန်တက်ဖို့လုပ်တယ်။ ဒါပေမဲ့လှောင်အိမ်က ဂျက်ချခံထားရပြီတဲ့လေ ။

Xiao Tu Tu and Leo Where stories live. Discover now