ထုထုနာကျင်နေတဲ့ခြေထောက်ကိုအသာပွတ်ပြီးပြန်အမော့..... ခုန်အုပ်လာတဲ့ မျက်ဝန်းရိုင်းတွေ ။ ထုထုနှလုံးခုန်သံရပ်သွားခဲ့တယ် ။ Black ရဲ့သတ်ဖြတ်တော့မဲ့မျက်ဝန်းအကြည့်တွေက သူ့ဘဝရဲ့နောက်ဆုံးအချိန်ပဲလို့ထုထုတွေးလိုက်မိပါတယ် ။ ထုထုရင်ဘတ်ထဲက ထိတ်လန့်နာကျင်သွားမှုကိုထုထုခံစားမိနေတယ် ။ Black က ထုထုကိုခုန်ကျော်သွားတယ် ။ ထုထု တဖြည်းဖြည်း
လှည့်ကြည့်တော့ နဂါးတစ်ကောင်ကိုဖိကိုက်ထားတဲ့ Black ။ ထုထုမျက်ဝန်းလေးဘေးလာပြီးဦးနှောက်တစ်ခုလုံးမိုးပေါ်လွင့်မျောသွားသလိုပဲ ။ နောက်ဆုံးအသိက ထုထုအေးစက်တဲ့နှင်းတွေအပေါ်လဲကျသွားခဲ့တယ် ။****
" ဟပ်ချိ "
ယားယံနေတဲ့နှာခေါင်းကိုပွတ်ပြီး ထုထုမျက်လုံးလေးတစ်ဖက်ဖွင့်ကြည့်လိုက်ပါတယ် ။ ထုထုနတ်ပြည်ရောက်နေတာလား ။ ဘယ်လိုဖြစ်လို့နူးညံ့နွေးထွေးတဲ့နေရာရောက်နေရသလဲနော် ။ ကိုယ်ကိုလူးလွန့်ပြီး အိပ်ယာကိုစမ်းကြည့်တော့လှုပ်နေတဲ့အိပ်ယာက မာန်ဖီတယ် ။ အိပ်ခင်းကမဲမဲကြီး ။ ထုထုနားရွက်တွေထောင်သွားတယ် ။ မျက်လုံးကိုပွတ်သပ်ပြီးကြည့်လိုက်တော့ Black ကသူ့ကိုဆူပူမာန်အဲချင်သလိုကြည့်နေပါတယ် ။
ထုထုဆင်းလာပြီး Black ရှေ့မှာခေါင်းလေးငုံ့ရပ်နေလိုက်တယ် ။ သူက Black ကိုအရမ်းမုန်းခဲ့တာ ။ ခုတော့ Black က သူ့ကိုကယ်တင်ခဲ့တာပဲ ။ Black ရဲ့မျက်နှာနားတိုးသွားပြီးသူခေါင်းလေးနဲ့ ပွတ်လိုက်တယ် ။ ကိုက်စားလိုက်မှာကြောက်ပေမဲ့လည်းထုထုမှာကျေးဇူးဆပ်စရာ ချစ်ဖို့ကောင်းမှုပဲရှိတယ်လေ ။
Black ကမာန်ဖီပြီး ထုထုရဲ့နားရွက်ဖိားကိုစမ်း
ကြည့်တယ် ။ အေးစက်နေတဲ့ထုထုနားရွက်တွေကို သူ့ဝမ်းဗိုက်နဲ့ကပ်သွားအောင် Black က ဆွဲသွင်းတယ် ။ ထုထု Black ကိုကြည့်ပေမဲ့ Black က မျက်ဝန်းတွေပိတ်ထားတယ် ။ ထုထု Blackကိုတိုးဝှေ့လိုက်တော့နွေးထွေးလာတယ် ။ထုထုသခင့်ကိုဝှေ့ချင်လိုက်တာ ။
****
နောက်ရက်မှာတော့ Black က ထုထုကိုကျောပေါ်တင်ပြီး ထွက်လာပါတယ် ။ သူက လာဗီယာရဲ့သိုးခြံထဲ ထုထုကိုထည့်ပေးတယ် ။ လာဗီယာတွေ့သွားတော့ ထုထုဆီအပြေးရောက်လာတယ် ။

YOU ARE READING
Xiao Tu Tu and Leo
FanfictionBJYX FANFICTION YIZHAN YIBO- GONG XIAO ZHAN-SHOU M-Preg