"Sean တစ်ခုခုဖြစ်လို့လား "
Alpha က မျက်ခုံးတွေတွန့်ကွေးရင်လေသံမာမာနဲ့မေးတယ် ။
"တကယ်တော့လေ အဲ့နေ့ထဲက သူပျောက်သွားတာ တစ်ပါတ်လုံးနေရာစုံရှာခဲ့ပေမဲ့.... ကိုကို..ကိုကို"
လေအလျင်နဲ့ပြေးထွက်သွားတဲ့ သူမအစ်ကိုကို တားလို့မမီနိုင်ခဲ့ ။ ဘုရားကျောင်းအစောင့်
အရှောက်တွေက Alpha ရဲ့ကျောပြင်ကိုဒေါသတွေစိတ်ပျက်မှုတွေနဲ့သာကြည့်လိုက်ကြတယ် ။"မင်းသမီးရဲ့ခမည်းတော်ကိုအကြောင်းကြားလိုက်ပါ "
"ကိုကိုအချိန်မှီပြန်လာမှာပါ "
လာဗီယာပြောလိုက်ပေမဲ့ သူမအစ်ကိုက သူ့ယုန်ကိုသိပ်ချစ်တာ အသိဆုံးသူမို့ တိုးဖျော့ဖျော့အသံသာထွက်လာတယ် ။
"ဒီညအလွဲအချော်ဖြစ်လို့မရတာ မင်းသမီးသိပါတယ် "
"တောရိုင်းကောင်တွေကတကယ်ဘဲ လာဘ်တိတ်စေတယ် "
"ဒီညဘာမှမဖြစ်ဖို့မျှော်လင့်ရမှာပဲ "
မှတ်ချက်အမျိုးမျိုးညည်းညူထွက်ခွာသွားတဲ့အစောင့်အရှောက်တွေကိုနှုတ်ဆက်ရင်းလာဗီယာက သက်ပြင်းချရုံသာတတ်နိုင်ခဲ့ပါတယ် ။
****
လက်ပေါ်ခိုနားလာတဲ့ သိမ်းငှက်က Alpha ရဲ့လက်ဖဝါးပေါ် လွင်ပြင်ကျယ်ဆီက မြင်ပင်ကိုချပေးလိုက်တယ် ။
"သူလွင်ပြင်ကျယ်မှာပေါ့ "
Alpha ကချက်ချင်းပဲ မြင်းကိုအချက်ပေးလိုက်တယ် ။ ခန့်ညားတဲ့ အမျိုးသားရဲ့ဆံနွယ်တွေကလေထဲဝင့်ဝဲလို့ အလှဆုံးပန်းချီကားနှယ် ။ နေဝင်ရီတရောအချိန်ရောက်လာမှ Alpha ကလွင်ပြင်ကျယ်ကိုလှမ်းမြင်လိုက်ရတယ် ။ သူကမြင်းကိုလွင်ပြင်စပ်မှာရပ်ထားခဲ့ပြီး
ခပ်သေးသေးယုန်လေးရှိနိုင်မဲ့နေရာကိုလိုက်ရှာတယ် ။ညစ်ပေနေတဲ့အနွေးထည်လေးက လှုပ်ရှားနေတယ် ။သူ့ယုန်က ရွှံ့ပေနေတဲ့လွယ်အိတ်ထဲ
နေပြထားတဲ့မြက်တွေကိုစုထည့်နေတယ်လေ ။သူလွမ်းဆွေးစွာကြည့်နေတုန်းမှာပဲလူးလွန့်နေတဲ့မြွေတစ်ကောင်ကို မြင်လိုက်ရတာမို့သေနတ်ကိုချိန်လိုက်တယ် ။Alpha က လက်တွေမကွေးလိုက်ခင်သေချာအောင်မျက်ခုံးတွန့်လို့စူးစိုက်ကြည့်လိုက်တယ် ။ မြွေက ခေါင်းထောင်လာပြီး ပါးစပ်ထဲပါလာတဲ့မြက်တွေကိုအိတ်ထဲကူထည့်ပေးနေတာပဲ ။ ဒီမြွေကလည်းလူလိုနားလည်တဲ့မြွေထူးဆန်းပဲလား? ။ Alpha က သေနတ်ကိုပြန်ထည့်လိုက်ပြီးတိတ်တိတ်လေးချည်းကပ်သွားလိုက်တယ် ။ သူ့ယုန်က အလုပ်ပြီးတဲ့အချိန်လက်မှာပေနေသမျှကို အနွေးထည်နဲ့သုတ်လိုက်တယ် ။ တစ်ပါတ်လောက်လေး အိမ်ပြေးလုပ်လိုက်တာညစ်ပေနေရောပဲလေ ။ သူ့ယုန်ရဲ့ကိုယ်ပိုင်ရှင်သန်
ပုံကိုမြင်လိုက်ရပြီးတဲ့နောက်.. Alpha က ကြည်နူးသွားတယ် ။ သူ့ဆီကအစာလိုချင်ရုံသပ်သပ်နဲ့ ကပ်ချွဲနေခဲ့တာမဟုတ်ဘူးပဲ ။ ယုန်ကမြက်တွေသိမ်းပြီးတဲ့အချိန် မှန်လေးဖွင့်ပြီးကြည့်နေပါတယ် ။

YOU ARE READING
Xiao Tu Tu and Leo
FanfictionBJYX FANFICTION YIZHAN YIBO- GONG XIAO ZHAN-SHOU M-Preg