ပဲများတာမပျောက်သေးတဲ့ယုန်ကို Alpha
ရယ်လိုက်တယ် ။ မှန်ထဲမှာအပြည့်ချင်းဆုံသွားတော့သူမျက်လုံးတစ်ဖက်မှိတ်ပြလိုက်တယ် ။ ယုန်ကတုန်လှုပ်သွားပြီးမှန်လည်းလွတ်ကျသွားတယ် ။ မြွေကလူစိမ်းရှိနေတာသတိထားမိပြီးနောက်ပါးပြင်ထောင်ပြဖို့ကြိုးစားတယ် ။ သူ့မှာအဆိပ်မရှိပေမဲ့လည်း သူ့သူငယ်ချင်းသေးသေးလေးကိုကာကွယ်ပေးနိုင်မလားဆိုတဲ့မျှော်လင့်ချက်နဲ့ပေါ့ ။ သူ့သူငယ်ချင်းကတော့
သူ့ကိုတက်နင်းပြီး သူစိမ်းဆီပြေးသွားခဲ့တယ် ။အာ့...ဒီမြွေရင်တွေနာပါတယ် ။
တရုတ်လင်းမြွေက မှန်ကိုသိမ်းပေးနေတုန်း
မှန်ထဲကထွက်ကျလာတဲ့ဓာတ်ပုံလေးကိုတွေ့လိုက်ရတယ် ။ဓာတ်ပုံကသူစိမ်းရဲ့ပုံဖြစ်နေတာပဲ ။ဆိုတော့....သူ့ သူစိမ်းကသူ့သူငယ်ချင်းရဲ့သူစိမ်းတော့မဟုတ်ဘူးပေါ့ ။ သူလှည့်ကြည့်တဲ့အခါ သူ့သူငယ်ချင်းက သူစိမ်းရဲ့ကိုယ်ထဲကျွံဝင်မတတ်ကိုဖက်နေခဲ့တယ်။ ယုန်အတွက်မြက်ကောင်းကောင်းရှိမဲ့စားကျက်ကိုရှာပေးရင်း
ငှက်ချီခံရ ၊ ဖွတ်ကိုက်ခံရနဲ့သေကောင်းပေါင်းလဲ ဖြစ်ခဲ့ရတဲ့မြွေကတော့ ယုန် ဒီလိုဖက်တာမခံရဖူးတာမို့ဝမ်းနည်းသွားတယ် ။ သူ့မှာဖက်ဖို့လက်တွေမရှိလို့နေပါလိမ့်မယ် ။ မြွေကဖြည့်တွေးပေးနေတုန်း ယုန်ကသူစိမ်းပြောတာတွေကိုခေါင်းညိတ်ပြပြီးအထုပ်ပြန်လာဆွဲတယ်။ မြွေကိုလည်းခလုတ်တက်တိုက်ပြန်ပါတယ် ။ပေါက်ထည့်လိုက်ရ ။
သူခေါင်းထောင်ပြတော့ယုန်ကအရူးလေးလိုရယ်ပြပြီး သူ့ကိုချိုင်းကြားညှပ်ခေါ်လို့ သူစိမ်းပေါ်ခုန်တက်ပါတော့တယ် ။
မြွေဟာ လေထဲဝဲလို့ ။ မြွေဟာလျှောခနဲတွန့်လိမ်တွန့်လိမ်သွားသင့်တဲ့ကောင်ပါဗျာ ။
AN- တောရိုင်းယုန်တွေက အကောင်ကြီးတွေအတွက်အစာအဖြစ်ဘေးမဲ့ပေးထားတဲ့ အစာသက်သက်သက်ရှိလေးတွေပါ ။ တောက
ယုန်ကျချက်စားပြီး လူမွေးတဲ့ယုန်ကျ သခင်လေးလိုပူဇော်ကျသလိုပေါ့ 😁 ။ နန်းတော်ထဲ သခင်ကလွဲ ထုထုကို နှိမ်ချင်ကြပါတယ် ။ ယုန်တွေကသုံးလလောက်ဆိုအထီးအမစပေါ်တယ် ။ ထုထုကတော်ခြောက်လသားမှပါ ။ ထူးဆန်းတယ်မလား ပိစိလေးနဲ့အကုန်သိအကုန်တတ်တဲ့အပြင် သူ့ကိုယ်သူလည်းဘာမှန်းသိနေတာ

YOU ARE READING
Xiao Tu Tu and Leo
FanfictionBJYX FANFICTION YIZHAN YIBO- GONG XIAO ZHAN-SHOU M-Preg