抖阴社区

                                    

ဒါပေမဲ့.... ။

"သခင်.. သခင်ပူနေလား ထုထုလာကယ်ပြီ ကြောက်နဲ့တော့နော် "

သူ့ကိုပွတ်သပ်လာတဲ့
လက်တွေမှာ အမွှေးနုနုလေးမရှိခဲ့ ။ မမျှော်မှန်းထားနဲ့အရှိန်ပစ်ဝင်လာလို့သူခပ်တင်းတင်းညှစ်မိထားတဲ့နေရာကလည်းယုန်ဖင်လုံးလေးမဟုတ်ခဲ့ ။ နူးညံ့အိစက်မှုကထပ်တူညီသော်လည်း..... ဒါကသူ့ယုန် Sean မဟုတ်ခဲ့ဘူး ။

"သခင် သွားရအောင်ပါ လာလာ ထုထုလာကယ်ပါပြီဆို ထုထုချီသွားပေးမယ် "

သူ့ယုန်..... ကောင်ငယ်လေးကသူ့ကိုချီသွားမည့်အကြောင်းတွင်တွင်ပြောနေပေမဲ့ ခွတက်ထားတဲ့ခြေထောက်တွေကတော့ သူ့ရဲ့ခါးမှာပိုတင်းကျပ်သထက်တင်းကျပ်လာတယ် ။

ကောင်ငယ်လေးက ခေါင်းလေးစောင်းငဲ့ပြီး Alpha ရဲ့ပါးကို ခပ်ဖွဖွပုတ်တယ် ။

"သခင် အိပ်ပျော်နေတာလား ထုထုယုန်ကင်ဖြစ်ချင်သေးဘူး မြန်မြန်လေးကယ်ရအောင်ပါနော်လို့ "

ကောင်ငယ်လေးက Alpha ရဲ့ကော်လံစကိုကိုက်ဆွဲပြီး ကယ်တင်နိုင်ဖို့ကြိုးစားနေတယ် ။ ဒါပေမဲ့မီးတောက်တွေပျောက်ကွယ်သွားတာတောင် ခြေထောက်ကိုအောက်ချဖို့တွေးသေးပုံမရဘူး ။ Alpha ရဲ့လက်တွေကတင်းကျပ်သွားတယ် ။

"အာ့ ထုထုဖင်နာနာ "

ထုထုစိတ်ညစ်လာပြီနော် ။ သခင်ကခေါ်လို့လည်းမရဘဲ ထုထုကိုကျောက်ရုပ်ကြီးလိုငေးနေတယ် ။ မျက်တောင်တွေသာမလှုပ်တယ်ထုထုနင်ပါးတော့အညှစ်ခံရလို့နာနာဖြစ်ကုန်ပါပြီနော့။

ထုထုကယ်တင်နိုင်ဖို့ကိုယ့်ဘာသာအားကိုးရတော့မယ် ။ အောက်ကိုငုံ့ကြည့်လိုက်တဲ့အခါ မီးတောက်တွေမရှိတော့ ။ ကျောက်ဖိာမှာအပူကျန်သေးလားစမ်းကြည့်ဖို့ထုထုခြေပုတိုလေးကိုချလိုက်တယ် ။ ထုထုခြေထောက်ပျောက်နေတယ် ။ သခင့်ခြေထောက်နဲ့တူတဲ့ ခြေတံသေးသွယ်သွယ်ထွက်လာတာမြင်တော့ထုထုဘေးဘီလှည့်ကြည့်လိုက်တယ် ။ အဲ့ဒါဘယ်သူလဲ ။ ထုထုခြေထောက်ကိုပြန်ကြည့်လိုက်တယ် ။ ဟာ...လူမတွေ့ဘူးနော်။ခြေထောက်ရှိတယ် ။ ထုထုကိုသရဲခြောက်နေတာလားပြော ။ ထုထုထိုခြေထောက်ကိုလက်နဲ့လှမ်းရိုက်လိုက်တယ် ။

Xiao Tu Tu and Leo Where stories live. Discover now