抖阴社区

                                    

Alpha က သည်းခံနိုင်ခြင်းမရှိတော့ဘဲ ကောင်ငယ်လေးကိုဆွဲပွေ့လို့ မျက်နှာသစ်စင်က မှန်ရှေ့ချပေးလိုက်တယ် ။

အဲ့ဒါဘယ်သူလဲ ။ နောက်မှာသခင်လည်းရှိနေတယ် ။ ထုထုကဘယ်ပျောက်သွားလဲ ။ ထုထုမျက်လုံးမှေးပြီးသခင့်ပေါ်ခုန်တက်လိုက်တယ် ။ ဒါပေမဲ့သခင့်ပေါ်ရောက်သွားတာ အဲ့သည့်လူ ။

"သခင့်ပေါ်ကဆင်းစမ်း ကိုက်ပစ်မှာနော "

Alpha က မျက်ခုံးပင့်သွားတယ် ။ Sean က သူ့ကိုသခင်လို့ခေါ်တာပေါ့လေ ။ သူ့ကိုယ်သူ ထုထုလို့ခေါ်တယ် ။ ယခုထိ မိမိထက် ပိုအလင်းပျောက်နေတဲ့ ကောင်ငယ်လေးကိုသူခပ်ဖွဖွနမ်းလိုက်တယ် ။ ထုထုပါးမှာနွေးထွေးသွားပေမဲ့ မှန်ထဲမှာတော့သခင်ကထိုသူကိုနမ်းနေခဲ့ဖြစ်ပါတယ် ။

"Sean စကားတွေပြောနေတာသတိထားမိရဲ့လား "

လည်တိုင်ကို နှာခေါင်းနဲ့အသာထိကပ်ရင်းမေးတော့ လူဖြစ်နေတဲ့သူ့ယုန်က ပါးစပ်ဟသွားတယ် ။

"ဟာ "

"အဲ့ဒါ Sean အခုဖြစ်နေတဲ့ပုံပဲ "

"ဟာ "

"အင်း Sean လူဖြစ်နေတယ် "

"ဟာ "

"ဟာ တဲ့ "

"ဟာ"

ယုန်ပုံစံနဲ့ချစ်စရာကောင်းသမျှအပြုအမူတွေက အခုမျက်နှာလေးမှာတော့အူယားဖွယ် ဟာသရုပ်ကလေး ။ Alpha ဟာ ကောင်ငယ်လေးက သူ့ယုန်ဆိုတာကိုလက်ခံနိုင်သွားပြီး တနူးတညံ့ဖြစ်လာတယ် ။

"နဂါးမီးတောက်တွေတက်နင်းမိလိုက်လို့
ဖြစ်မယ် "

အခြားယုန်တွေဆိုယုန်ကင်ဖြစ်သွားမှာဆိုပေမဲ့သူ့ယုန်ကပုံမှန်မဟုတ်တဲ့ယုန်ဖြစ်နေတော့ လတ်တလောအဖြေထုတ်ဖို့သူ့မှာတွေးမိတာမရှိဘူး ။

****

ထုထု သခင့်ရဲ့အဝတ်ကြီးကြီးဝတ်ရင်းစောင်အောက်ပုန်းနေတာ ။ စောင်ထိပ်မှာဂူဝလိုလေး
ဟထားရင်း ထုထုသခင့်ကိုချောင်းကြည့်နေတယ် ။ သခင်ကထုထုကိုပြန်ကြည့်လာပြီးမေးငေါ့ပြတယ် ။

"သခင်က ထုထုအနားမလာဘူးလား ထုထုအဖက်ခံချင်တာပေါ့ "

Alpha က နဖူးကုတ်လိုက်တယ် ။ သူ့ယုန်ကဘာမှန်းမသိသေးဘဲ သိပ်လှနေတော့ Omega ဖြစ်နေမှာစိုးရိမ်တယ် ။ သူ့ယုန်က သိပ်ကပ်တွယ်လွန်းတာမို့ မထိသင့်တာတွေထိမိ မှားမိပြီးကိုယ်ဝန်ရသွားမှာသူသိပ်ကြောက်တယ်လေ ။ ကလေးတစ်ယောက်မဖြစ်မနေသူလိုအပ်ပေမဲ့ သူ့ယုန်ကဘာကောင်မှန်းတောင် မသိတော့တာမို့ ကိုယ်ဝန်ရသွားပြီး အန္တရာယ် တစ်ခုခုဖြစ်လာမှာမျိုးသူလက်မခံနိုင် ။

Xiao Tu Tu and Leo Where stories live. Discover now