抖阴社区

                                    

သူ့ယုန်သာဘေးကင်းမယ်ဆိုရင်သူတစ်ခုခုလောက်လုပ်လိုက်ချင်တယ် ။

****

Alpha က ထိုကာလတွေအတွင်း မျက်ကွင်းတွေညိုလာတယ် ။ စာကြည့်ဆောင်တစ်ခုလုံးမှာရှိတဲ့တိရိစ္ဆာန်မျိုးစိတ်တွေအကြောင်းလည်းကုန်ပြီ ။ သူ့မှာမဖြည့်ဆည်းနိုင်တဲ့စိတ်အလိုဆန္ဒတွေ
ကြောင့်စိတ်ထောင်းကိုယ်ကျေဖြစ်နေရတယ် ။  Omega တစ်ယောက်က Alpha ကိုဆွဲဆောင်ရာမှာလိုအပ်တဲ့ ရနံ့၊ အဆီအနှစ်မရှိတဲ့ သူ့ယုန်က အကောင်းဆုံး Omega တွေထက်တောင်သူ့ကိုရူးသွပ်စေတယ် ။ Omega တွေရဲ့ဆွဲဆောင်မှုက Alpha ကို အသိစိတ်လွတ်ကင်းကာ
ခါးတွေလှုပ်မိစေတာဖြစ်ပြီး... သူ့ယုန်ကတော့သူ့အသိစိတ်မမဲ့စေဘဲ သူမှသူဖြစ်လာအောင် ဖမ်းစားနေတာမျိုး ။ သူလိုချင်လာတဲ့အချိန်အတိုင်းသူလိုအပ်နေတာသူ့ယုန်သာဖြစ်တယ် ။

ယုန်မျက်သွယ်လေးတွေကသူ့ကိုချောက်နက်ထဲဆွဲချနေသလို အမြဲအိစိုနေတဲ့နှုတ်ခမ်းသားလေးတွေအထဲကနွေးထွေးမှုကိုလည်းသူခံစားကြည့်ချင်တယ် ။ စိတ်ရိုင်းတွေဝင်လာပြန်တော့ သူ့ရှေ့ကတရားစာအုပ်ကိုအလန့်တကြားပိတ်လိုက်မိတယ် ။

သူကတရားစာအုပ်ဖတ်ရင်း သူ့ယုန်ကိုအပြတ်အသတ်ရိုင်းစိုင်းနေခဲ့တာပဲ ။

****

Alpha က သူ့ယုန် လူအဖြစ်ပြောင်းတာနဲ့ရှောင်နေခဲ့တာကြာပြီ ။ ဒီနေ့မှာတော့ အရေးပေါ်အ​ကြောင်းကြားချက်ရောက်လာတာမို့ သူ့အတောင်ရှိရာအပြေးတပိုင်းပြန်လာခဲ့ရတယ် ။

အဆောင်ရှေ့ရောက်တော့သူ့ရင်တွေထိတ်သွားခဲ့တယ် ။ သူ့ယုန်ကောင်ငယ်လေးက အိမ်ခေါင်မိုးရဲ့မီးခိုးတိုင်ကိုဖက်တွယ်ပြီးငိုယိုနေတယ်လေ ။ Alpha က ကုတ်အင်္ကျီကိုချွတ်ရင်း ဘေးကအထိန်းတော်ကြီးဆီပေးလိုက်တယ် ။ လပြည့်ပွဲတော်မတိုင်ခင်ကကိစ္စတွေကြောင့်သူ့နန်းဆောင်တစ်ခုလုံးကအမှုထမ်းအသစ်တွေနဲ့ပြည့်နေတာမို့ လူဟောင်းတွေလောက် ဦးဆောင်စီမံနိုင်ခြင်းမရှိ ။

အမှုထမ်းတွေက ရှပ်အဖြူကိုလက်ခေါက်တင်ရင်း အဆောင်တော်ရဲ့ ခိုနားတန်းတွေပေါ်ပေါ့ပေါ့ပါးပါးခုန်တက်သွားတဲ့သူတို့ခေါင်းဆောင်ကိုငေးမောမိသွားတယ် ။

Xiao Tu Tu and Leo Where stories live. Discover now