Alpha ခေါင်မိုးအုပ်ကြွပ်ပြားတွေပေါ်ရောက်တော့သူ့ယုန်ကလှည့်ကြည့်ပြီးပိုအော်ငိုတယ် ။ Sky လည်းသူ့ယုန်ဘေးမှာရှိနေတာပါ ။ Sky ခြေထောက်က ကောင်ငယ်လေးလက်ထဲမှာ ။
Alpha က Sky ရဲ့မျက်နှာကိုအကဲခတ်လိုက်တော့ ဒီကောင်လေးသာမဟုတ်ရင်ကန်ချလိုက်ပြီးပြီ ဆိုတဲ့စိတ်မရှည်မှုတွေနဲ့ ။ Sky က အေးစက်ပြီးထက်မြက်တဲ့အသွင်အပြင်ရှိပေမဲ့ သူ့လူတွေကိုမရက်စက်တတ်တာမို့ သူ့ယုန်အဆောင်ပေါ်ကပြုတ်မကျသေးတာ ။
"Sean ဘယ်လိုဖြစ်တာလဲ "
သူ့ယုန်ရဲ့ကျောနောက်ကနေ အုပ်မိုးဖက်လို့ တုန်ရီနေတဲ့ကိုယ်လေးကိုပွတ်ပေးရင်းမေးလိုက်တယ် ။
Sean က မီးခိုးတိုင်လေးဘေးမှာမျက်နှာဖွက်ပြီးရှောင်သွားတယ် ။
"ကိုယ့်ကိုမပြောပြဘူးပေါ့ ... ကဲပါအရင်ဆုံး Sky ကိုလွှတ်ပေးလိုက်နော် "
သူ့ယုန်ကောင်လေးက မလွှတ်ချင်လွှတ်ချင်နဲ့လွှတ်ပေးလိုက်တယ် ။ Alpha ရှောင်နေတဲ့ရက်တွေကောင်ငယ်လေးဘေးကင်းအောင် Sky ကိုစောင့်ရှောက်ခိုင်းခဲ့တာ ယခုတော့ဒီလိုတွေဖြစ် လာခဲ့တယ် ။ ခေါင်မိုးကနေ ပွေ့ချီရင်းခုန်ဆင်းတော့ ကောင်ငယ်လေးကအသံအိုးကွဲလောက်တဲ့အထိအော်ဟစ်ပြီးသူ့ရင်ထဲအတင်းတိုးဝင်ဖက်ထားတော့တာပဲ ။ အဲ့သလောက်ကြောက်ရင်ဘာလို့တက်ခဲ့သလဲကွယ် ။
အိပ်ယာပေါ်နွေးနွေးထွေးထွေးဖြစ်အောင်ထားပြီး အလန့်ပြေဖို့ရေအေးလေးတိုက်လိုက်တယ် ။
"ဘာလို့တက်သွားတာလဲ ကိုယ့်ကိုပြောပြမှ Sean ဘာလိုချင်လဲ သိမှာပေါ့ "
သူ့ယုန်ကမျက်ဝန်းလေးတွေလက်သွားတယ် ။ ပြီးတော့သူကဖွက်ထားတဲ့ ယုန်ဦးထုပ်လေးပြေးယူလာပြီးပြတယ် ။ Alpha က နားလည်သွားတယ် ။ သူ့ဦးထုပ်ကငှက်မွှေးတွေက သူကိုက်ဆော့ထားလို့ရုပ်ဆိုးပန်းဆိုးပျက်ဆီးနေတာပဲ ။ သူ့အကြိုက်ဆုံးဦးထုပ်လေးမို့ Sky ရဲ့အမွှေးနည်းနည်းလောက်ငှားပြီးပြင်ဆင်ချင်ပုံရတယ် ။
Alpha နားလည်သွားတော့ Sky ကိုလှည့်ကြည့်တယ် ။ Sky က မျက်နှာလွှဲသွားပြီး အတောင်တွေကားလို့ထွက်ပြေးတော့မယ် ။ လာပါကွာ သူလိုချင်တာနည်းနည်းလေးပါ ။

YOU ARE READING
Xiao Tu Tu and Leo
FanfictionBJYX FANFICTION YIZHAN YIBO- GONG XIAO ZHAN-SHOU M-Preg