"ဒီအဝိုင်းရှေ့ Sean မျက်နှာပြလိုက် "
ယုန်ကဦးထုပ်ပြေးဝတ်ပြီး သွားလေးဖြဲပြနေတော့ ဖုန်းကထပ်မံအတည်ပြုဖို့သာတောင်းဆိုနေတယ် ။
"မဟုတ်ဘူးလေ Sean ဒါကဓာတ်ပုံရိုက်တာမဟုတ်ဘူး... မျက်နှာသေချာမြင်ရအောင်ပြလိုက် "
ဟွန့်ထုထုအစာစားတာများလို့ပါးကြီးလုံးနေတာကို ။ ဦးထုပ်ဝတ်ရင် မျက်နှာလေးသွယ်သွားပါတယ်ဆို ။
ထုထုပါးဖောင်းဖောင်းနဲ့ဖုန်းကိုပြူးကြည့်တော့မှဖုန်းက Lock ပွင့်သွားတယ် ။
"Sir . အကောက်ခွန်ဌာနကအာဏာပိုင်က
တွေ့ခွင့်တောင်းနေပါတယ် ""သူ့ကိုဧည့်ခန်းထဲခေါ်လိုက် "
အကောက်ခွန်ဌာနမှာလုပ်ကိုင်နေတဲ့မိတ်ဆွေက ပြည်နယ်ခြားသွားတော့သူ့ယုန်အတွက် သွားရည်စာအနည်းငယ်မှာလိုက်တာ ပါလာခဲ့ပြီထင်ပါရဲ့ ။
"ခဏဆော့နှင့်ဦးနော်... ခေါင်းရင်းမှာထောင်ပေးခဲ့မယ် "
ဖုန်းကိုထောင်ပေးခဲ့ပြီး Alpha ကထွက်ခွါသွားတော့တယ် ။ ထုထုဖုန်းကိုပွတ်နေတုန်း သခင်နဲ့တူတဲ့လူကြီးကြီးပုံကိုတွေ့သွားတယ် ။
'တောက်တောက်တောက် ' (😘🐰💘)
သခင်နဲ့တူလို့ ထုထုအရုပ်သုံးခုပေးမယ်နော် ။
တစ်ဖက်ကစာတွေပြန်ဝင်လာတော့ထုထုဖတ်လိုက်တယ် ။ ထုထုစာဖတ်တတ်ပေမဲ့စာမရေးတတ်ဘူး ။ အခုလူကြီးကြီး ပို့တဲ့စာတွေကိုလည်းနားမလည်ဘူး ။ နားမလည်လို့ကျော်မယ်ကွား ။ ထုထု အရုပ်လေးတွေထပ်ရှာပြီးသဘောကျတဲ့ဟာ ထပ်ပို့လိုက်တယ် ။ စာလည်းနည်းနည်းရေးပေးလိုက်တယ် ။ တစ်ဖက်ကပို့တဲ့စာတွေကိုထုထုမဖတ်အားဘူး ။ ထုထုအရုပ်ဆက်ရှာရမယ် ။'္်ိ့ုဓေုျူးwwjyshijannkoagkskkzhyuddseqngjfuckmegsunsggjbfuckaghnfuckbwhnahhaujhfhjnjoejoecockuuubnjngndnjaksghsubghhhahkjfajunfakfakfak'
ထုထုစာအရှည်ကြီးပို့ပြီးဖင်လေးယမ်းလိုက်တယ် ။ ယားနေပေမဲ့မကုတ်အားသေးဘူးလေ ။ သခင်နဲ့တူတဲ့လူကြီးကိုစကားပြောနေတာ ။ ထုထုစာနဲ့အရုပ်တွေဆက်ပို့နေတုန်း ကလုန်ကလုန်ဆိုပြီး အနီနဲ့အစိမ်းတုံးကြီးကျလာတယ် ။ ထုထုလည်ဆွဲထဲက ကျောက်တုံးစိမ်းစိမ်းလေးကိုငုံ့
ကြည့်ပြီးအစိမ်းကိုနှိပ်လိုက်တယ် ။ သခင်နဲ့တူတဲ့လူကြီးက ထုထုရှေ့ကဖုန်းထဲဝင်နေတယ် ။ ထုထုလန့်သွားတာပဲ ။

YOU ARE READING
Xiao Tu Tu and Leo
FanfictionBJYX FANFICTION YIZHAN YIBO- GONG XIAO ZHAN-SHOU M-Preg