抖阴社区

                                    

"နှစ်ချောင်းကျန်သေးတယ်လေ  "

သခင်ကိုင်ထားတဲ့ တစ်ဝက်တပျက် တုတ်ထိုးတွေကိုသူကြည့်လိုက်တယ် ။ အဲ့ဒါစတော်ဘယ်ရီတွေ ။ ထုထု ရိုးဟိုးဟိုးဟိုးနေပြီ ။ ထုထုကမက်မန်းသီးစားချင်တာ ။

သူ့ယုန်က တုတ်ထိုးတွေကိုခဏသာကြည့်ပြီးသူ့ပါးစပ်ကိုအတင်းဖွင့်ခိုင်းနေတော့ Alpha က ဖွင့်ပေးလိုက်တယ် ။ ယုန်က Alpha ရဲ့လျှာပေါ်ကမက်မွန်သီးကိုလက်ပုတိုလေးနဲ့ လှိမ့်ပြီးဆွဲထုတ်ပါတယ် ။

Alpha ရဲ့ပါးစပ်ထဲက
မက်မန်းသီးထွက်လာတော့မှယုန်ကသက်ပြင်းချနိုင်တော့တယ် ။ မက်မန်းသီးက Alpha ရဲ့ခံတွင်းငွေ့ကြောင့်နွေးနေတယ် ။ Alpha သူ့ပါးစပ်ထဲက ယုန်မွှေးတွေကိုအသာဖယ်ထုတ်ပြီး သူ့ယုန်ခေါင်းကိုဖွဖွခေးပွတ်ပေးနေမိတယ် ။ Sean... ပုံစံပြောင်းသွားရင်ကောင်းမယ် ။ အတူရှိနေရပေမဲ့....  ချစ်သူတွေထာဝရတည်မြဲစေတယ်လို့အယူရှိတဲ့ ဒီလိုပွဲတော်နေ့မှာသူ ကောင်ငယ်လေးနဲ့စကားစမြည်ပြောပြီး ဖြတ်သန်းချင်တယ် ။

ယုန်ကမက်မန်းသီးကိုကိုက်ရင်း သူ့သခင်ကိုမော့ကြည့်ပါတယ် ။ အစားအသောက်ကုန်သွားတော့ယုန်က ပုံမှန်ချစ်စရာအကောင်လေးပြန်ဖြစ်သွားတယ် ။ ယုန်က Alpha ရဲ့ပေါင်ပေါ်မှာငြိမ်ငြိမ်လေးထိုင်ပြီး မြစ်ရေနဲ့အတူမျောသွားတဲ့ပန်းလှေလေးတွေကိုငေးနေခဲ့တယ် ။ Alpha က ယုန်ရဲ့သရဖူလေးနဲ့ သူ့ဒေစီပန်းခက်လေးတွေကိုမြစ်ရေထဲအတူရောပစ်လိုက်တယ် ။

ကွေကွင်းရခြင်းဆိုတာသူတို့ရဲ့အဝေးဆုံးမှာ ရှိနေသင့်တာ။

ZAWGYI

အခန်း(၂၄)- သခင်နဲ့အတူ ... ပန်းလှေပွဲတော် ။

Alpha က နန်းတော်ထဲအချိန်ကုန်နေတဲ့သူ့ယုန်အတွက် ပျော်စရာရှာပေးဖို့အစီအစဉ်ဆွဲထားတယ် ။ ပန်းလှေပွဲတော်ရက်ရဲ့အစည်ကားဆုံးအချိန်ဖြစ်တဲ့လမိုက်ညမှာ Sean ကိုခေါ်ပြီးထွက်လာခဲ့တယ် ။ Sean သာ သူတို့နဲ့မတူညီခဲ့ရင် ...Sean ဒီကမ္ဘာရဲ့အငွေ့အသက်တွေကို သံယောစဉ်တွယ်စေချင်တယ် ။ သူဒီလောကရဲ့ဝင်ရိုးစွန်းတွေအထိ Sean ကို သူခေါ်သွားပေး
နိုင်တယ် ။

ပွဲတော်ရဲ့အရသာမပျက်အောင်သူတို့နှစ်ယောက်ကရုပ်ဖျက်လာခဲ့တယ် ။ပွဲဈေးထဲက လူတိုင်းရဲ့မျက်နှာမှာ ပန်းတွေကိုတိပ်နဲ့ကပ်ပြီးအလှဆင်ထားကြတယ် ။ Alpha ကိုယ်တိုင်လည်းကွဲ
မထွက်နေအောင် မိုးပြာရောင်ဒေစီပန်းတစ်ပွင့်ကိုပါးမှာကပ်ထားပြီး သူ့ယုန်ကိုတော့ ပန်းခွေစည်းလေးသာသရဖူသဖွယ်တင်ပေးထားပါတယ် ။

Xiao Tu Tu and Leo Where stories live. Discover now