抖阴社区

                                    

လင်းမြွေက ယုန်ကိုခုန်ချစေချင်တယ်။သူဖမ်းပေးထားမှာပေါ့ ။ လက်မရှိတဲ့မြွေကိုထုထုကမယုံဘူး ။ မြွေပီပီလျှောခနဲအောက်ကမဝင်ဘဲတံခါးလာခေါက်တော့ထုထုဒုက္ခရောက်ပြီ ။

ပြဿနာတက်နေတဲ့အကောင်နှစ်ကောင်ကိုဖြတ်သွားဖြတ်လာအစေခံတစ်ယောက်က ကယ်တင်ပေးခဲ့တယ် ။လွတ်မြောက်လာတဲ့ယုန်က တံခါး
ဖွင့်ရတာပျော်သွားတော့တာပဲ ။

ထုထုတံခါးဖွင့်ပေးချင်လို့စောင့်နေပေမဲ့ ဧည့်သည်ကမလာဘူး ။ထုထုအရမ်းပျင်းတယ် ။ သခင်သင်ပေးခဲ့တဲ့စာကိုဖတ်နေတုန်းသခင့်ကားထိုးရပ်လာတာမြင်တော့ထုထုဖင်ခါပြီး တံခါးဆီပြေးသွားလိုက်တယ် ။ ထုထုသခင့်ကိုတံခါးဖွင့်ပေးမှာ ။ ယုန်ကတံခါးဖွင့်ဖို့ကြိုးစားနေတုန်း Alpha က တံခါးတွန်းဖွင့်လိုက်တာမို့ယုန်ကိုတံခါးနဲ့တွန်းသလိုဖြစ်သွားခဲ့ပါတယ် ။

ဖင်ထိုင်လျက်လေးလဲကျနေတဲ့ယုန်က အူတူတူလေးပြူးနေခဲ့တယ် ။

"Sean "

Alpha ကိုယုန်ကိုရင်ခွင်ထဲတင်းတင်းကျပ်ကျပ်ပွေ့ယူပြီး အဆက်မပြတ်ခေါ်လိုက်တယ် ။ ထုခုဟာ အသိစိတ်ပြန်ဝင်လာပြီးခေါင်းကိုလက်နဲ့ထိလိုက်တယ်။

အမလေးလေး လုပ်ရက်လိုက်တာသခင်ရယ်။ထုထုနာတယ် ။ ထုထုသေတော့မယ်။ထုထုအသက်ငင်နေပြီ အားအား။

ယုန်ကတွန့်တွန့်လူးပြလေ Alpha ကခြေမကိုင်မိလက်မကိုင်မိဖြစ်လေ ။ ဘာမှမဖြစ်တဲ့ခေါင်းကိုခပ်တင်းတင်းဖိထားရင်း Alpha က ဆရာဝန်ဆီပြေးသွားခဲ့တယ် ။

"Sir... ဆရာဝန်ပင့်လိုက်ပါ့မယ် ၊ မပြေးပါနဲ့ အသင့်တော်ပါဘူး "

Alpha ရဲ့နောက်ကိုအမှီလိုက်ပြေးရင်းသတိပေးကြပေမဲ့ Alpha က ယုန်ဇောနဲ့ ကားကိုကျော်ပြီးဆက်ပြေးသွားခဲ့တယ် ။

ဆရာဝန်ကစမ်းသပ်ပေးပြီး ခေါင်းခါလိုက်တယ် ။ထုထုကတုန်သွားပြီးလျှာထုတ်လိုက်တယ်။ဆရာဝန်ခေါင်းခါရင်အာ့လိုသေရတယ်။ဒါပေမဲ့ထုထု သခင့်ကိုပြောစရာရှိသေးတာမို့ သေတာကိုခဏရပ်ပြီးလျှာပြန်သိမ်းတယ် ။

သခင်...ထုထုနောက်ဘဝကျရင်လည်း သခင့်ရဲ့ ယုန်လေးလုပ်မယ်နော် ။

Xiao Tu Tu and Leo Where stories live. Discover now