Alpha ရဲ့ဖခင်ကပြုံးပြီးယုန်ရဲ့ခေါင်းကိုဆွဲဖွလိုက်တယ် ။
"သတိထားပြန် "
Alpha ကခေါင်းညိတ်ပြလိုက်ပြီးသူ့မိဘတွေကိုနှုတ်ဆက်လိုက်ပါတယ် ။ ယုန်ကအိမ်ဝရောက်မှ Alpha ရဲ့ကိုယ်ပေါ်ကပြေးဆင်းလာပြီးသူ့မာမီကို နှုတ်ဆက်လိုက်တယ် ။ Alpha ရဲ့ဖခင်ကိုလည်းအင်တင်တင်ကြည့်နေပြီးမှတစ်ချက်နမ်းလိုက်တယ် ။ Alpha ရဲ့ဖခင်က ပြုံးသွားပြီးယုန်ကိုခပ်တိုးတိုးလေးကပ်ပြောလိုက်တယ်။
"နောက်လည်းလာလည် မြက်တွေစိုက်ထားတယ် ၊ ငါးကြင်းအသစ်တွေလည်းထပ်ရောက်မယ် "
နန်းတော်ပြန်ရောက်တော့ အစေခံတွေကယုန်ကိုအရင်ကထက်အလေးပေးလာတယ် ။ Alpha ရဲ့ဖခင်ကိုယ်တိုင်လက်ခံလိုက်တဲ့ယုန်ကိုသူတို့
အဆင့်အတန်းမခွဲခြားရဲတော့ပေ ။သည်လိုနဲ့ Alpha ရဲ့ မွေးနေ့ရောက်လာတော့ နန်းတော်က ပြန်လည်အသက်ဝင်စည်ကားလာတယ် ။ အလှဆင်ပစ္စည်းတွေကနန်းတော်အနှံ့ရှိနေပြီး အစေခံတွေကလည်း ပွဲအတွက်အလုပ်များနေကြတယ် ။
ထုထုလည်းလှလှပြင်နေရပါတယ် ။ သည်နေ့
ရေနွေးနွေးလေးနဲ့ချိုးခွင့်ရပြီး အနည်းငယ်ညစ်နေတဲ့အမွှေးတွေကိုလည်း သခင်ကညှပ်ပေးတယ် ။ ထုထုကသိပ်လှတဲ့မွှေးပွလုံးလေးဖြစ်နေပြီး Fashion ကျတဲ့ဝတ်စုံကိုလည်းဝတ်ထားသေးတယ်လေ။ယုန်ကိုအလှဆုံးပြင်ပေးပြီးမှ Alpha ကသူ့ကိုယ်သူပြင်ဆင်လိုက်တယ်။ သူ့ယုန်ကသူ့ကိုကြည့်နေတော့သူမျက်ခုံးပင့်ပြလိုက်တယ် ။
ဘာတွေကြည့်?ထုထုက မာမီနဲ့လူကြီးကြီးကိုပြေးမြင်မိတာပါ ။ မာမီကလေ လူကြီးကြီးကိုအဝတ်အစားအမြဲပြင်ပေးတယ် ။ ထုထုကတော့ သခင်ပြင်ပေးတာပဲခံနေပြီး သခင့်ကိုမကူညီပေးနိုင်ဘူး ။ ထုထုလေ သခင့်ကိုကြယ်သီးတပ်ပေးချင်တယ် ။ ကြောင်လျှာသီးအရှည်ကြီးစည်းပေးချင်တယ် ။ ဆံပင်ကို ဂျယ်သွင်းပေးချင်တယ် ။ ခါးပတ်လည်းပတ်ပေးချင်တယ် ။
တန်ပိုမိနေတဲ့ယုန်ကို Alpha က ကောက်ချီလိုက်တယ် ။ နှာခေါင်းချင်းထိနမ်းတော့သူ့ယုန်က နှာချေပြီး အသံသေးသေးလေးတွေလုပ်တော့တာပဲ ။ ယုန်အော်သံက ကလေးငိုသံနဲ့တူပြီး အနည်းငယ်စူးရှရှကျယ်တယ် ။

YOU ARE READING
Xiao Tu Tu and Leo
FanfictionBJYX FANFICTION YIZHAN YIBO- GONG XIAO ZHAN-SHOU M-Preg