"ဒါက ကိုကို့ပုံတူအရုပ်လေး "
"ဟာ "
ထုထုက လက်ခုပ်တီးလိုက်ပြီးရအောင်ယူဖို့တွေးလိုက်တယ် ။
"ဘာနဲ့လဲမလဲ ထုထုမှာ ဒါတွေရှိသေးတယ် "
"ဒါကလက်ရာအရမ်းလှတော့စျေးကြီးတယ် ဒါတွေနဲ့မလောက်ဘူး "
"ထုထုမှာ... အင်း.. ဘာရှိဦးမလဲ.... လင်းမြွေယူမလား "
ခွေနေတဲ့လင်းမြွေကအလဲအလှယ်လုပ်တဲ့စက်ဝိုင်းပေါ်တွန်းရွှေ့ခံလိုက်ရတယ် ။
"အိုး မိန်းကလေးဆောင်ထဲ အထီးကောင်မွေးလို့မရဘူး "
"ထုထုမှာရွှေငါးကြင်းလေးရှိသေးတယ် ဒါပေမဲ့ထုထုအရမ်းချစ်လို့ "
"မမမှာရွှေငါးကြင်းလည်းရှိပြီးသား "
"ဒါဆိုထုထုဒါတွေအကုန်ပြန်ပေးမယ်လေ ထုထုလိုချင်လို့ပါနော "
"အင်း ...ဒီအရုပ်တွေအကုန်ပေးရင်တောင်မတန်သေးဘူး "
ကောင်ငယ်လေးကသူ့သခင်အင်္ကျီကိုပြေးဆွဲပြီးအကူအညီတောင်းတယ် ။
"လာဗီယာ ကလေးကိုမစနဲ့တော့ "
လာဗီယာကခါးလေးကုန်းလို့ရယ်နေတယ် ။ တကယ်တော့ အရုပ်တွေအကုန်လုံး Sean ကိုပေးဖို့သူမ ဝယ်စုထားတာပါ ။ လာဗီယာကသူမအစ်ကိုနှင်ထုတ်တာခံလိုက်ရပြီး အရုပ်တောင်းကိုထားခဲ့ရတော့တယ် ။
ထုထု သခင့်ပုံတူအရုပ်လေးကိုငါးကြင်းကန်လေးဘေးမှာချထားပြီး ခေါင်းလေးမှီလို့ကြည့်နေပါတယ် ။ ငါးကန်ကအနည်းငယ်ညစ်နေတော့ Alpha ကရေလဲပေးလိုက်တယ် ။ အိမ်မွေးအလှကောင်တွေမွေးရတာဝါသနာမပါပေမဲ့သူ့ယုန်က ချစ်နေမှတော့သူတာဝန်ယူပေးရတာပါပဲ ။
သူ့ကိုအရေးမလုပ်ဘဲဆော့နေတဲ့ကောင်ငယ်လေးကိုသူနောက်ကပွေ့ထားလိုက်တယ် ။ Sean ကနောက်လှည့်လာပြီးသူ့မျက်နှာကိုနှာခေါင်းလုံးလေးနဲ့ ဟိုထိဒီထိနမ်းရှုံ့သွားတယ် ။ ချစ်လိုက်ရတာ အသားလုံးလေးရယ် ။
****
ထုထုနဲ့သခင် လမ်းလျှောက်ထွက်တော့ Omega တွေနဲ့တည့်တည့်တိုးတယ် ။ သူတို့ကသခင့်ကို နူးနူးညံ့ညံ့ဂါရဝပြု နှုတ်ဆက်ကြတယ် ။

YOU ARE READING
Xiao Tu Tu and Leo
FanfictionBJYX FANFICTION YIZHAN YIBO- GONG XIAO ZHAN-SHOU M-Preg