"ခေါင်းဆောင် ဒီညအားရင်အပျိုတော်အဆောင်လာခဲ့ပါဦးလား ကျွန်တော်ညစာကျွေးချင်လို့ "
ထုထုသခင့်ကိုမော့ကြည့်လိုက်တယ် ။ သခင့်မျက်လုံးတွေက ဆံနွယ်ပန်းနုရောင်နဲ့ကောင်လေးကိုကြည့်နေပေမဲ့ ပုံမှန်ပါပဲ ။
"ကျွန်မတို့ဟင်းလျာအသစ်တွေသင်ယူထားတာ... ခေါင်းဆောင်လာခဲ့ရင်သိပ်ပျော်မှာပဲ "
သခင်ကထပ်ငြင်းလိုက်ပြီးမှသူ့ယုန်ကိုငုံ့ကြည့်လိုက်တယ် ။ ထုထုမျက်နှာငယ်လေးနဲ့ပြန်ကြည့်နေပါတယ် ။ သခင် ထုထုကိုစားရင်စားပစ်လိုက်ပါ ။ သူတို့ဟာမစားနဲ့ ။
"ယုန်စာမုန့်ကောင်းကောင်းလုပ်တတ်ကြလား "
ယုန်က နဖူးကိုလက်ပုတိုလေးနဲ့ရိုက်ချလိုက်တယ် ။ သူကသဝန်တိုလို့မျက်နှာငယ်ငယ်နဲ့ဖမ်းဆွဲနေတာလေ ။ သခင်ကသူအစာငမ်းပြီးစားချင်နေတယ်ထင်သွားပြီ ။ ထုထုစိတ်လေတယ်နော ။
****
ယုန်နဲ့Alpha က အပျိုဆောင်ရဲ့ ထမင်းစားခန်းထဲမိန့်မိန့်ကြီးထိုင်နေတယ် ။ Omega တွေက Alpha ကိုကျွေးချင်နေတာပါ ။ Alpha ကတော့သူ့ညစာတွေကိုမထိဘဲ ယုန်ကိုပြောင်းဖူးမုန့်ဂရုတစိုက်ခွံနေတယ် ။ ယုန်ကအပျိုတော်ဆောင်ကိုစပ်စုအကဲခတ်နေတယ် ။
ထုထုလေ သခင်ဂရုစိုက်ပေးရမဲ့ ယုန်ရူးလေးမဖြစ်ချင်တော့ဘူး ။ သခင်ကထုထုကိုငပေါလေးလိုမဆက်ဆံဘဲ.. လူကြီးကြီးကမာမီ့ကိုချစ်သလိုချစ်စေချင်တယ် ။
ထုထုက လျှောက်ငေးနေရင်းမုန့်ကိုမဟပ်မိဘဲ သူ့သခင်ရဲ့ လက်ကိုကိုက်မိသွားပါတယ် ။ သခင်နာသွားမှာစိုးရိမ်တာကြောင့် ထုထုကလျှာလေးနဲ့လျက်ပြီးငုံထားလိုက်တယ် ။
Omega တွေက မူးမေ့တော့မလိုရီဝေသွားရတယ် ။ သူတို့ Alpha ရဲ့ ရနံ့တွေက လေထုထဲပြင်းပြင်းထန်ထန် ဝေ့ဝဲနေပြီး Omega တွေကို အဝတ်တွေချွတ်ပစ်ချင်လာလောက်တဲ့ထိဖိနှိပ်ပစ်လိုက်တယ် ။ Alpha က သူတို့ထဲက တစ်ယောက်ယောက်ကို ခုန်အုပ်ချင်နေတာပဲ ဖြစ်ရမယ် ။ လူတိုင်းကဆုတောင်းနေတယ် ။
Alpha ရဲ့ တကယ့်ညစာဟာသူတို့ဖြစ်ဖို့အတွက်ပေါ့ ။ Alpha ရဲ့ရှေ့မှာ အမွှေးပျံ့ဆုံးဟင်းလျာအဖြစ် အရိုးပါနွှင်ပြီးသားဖြစ်စေရမယ်။

YOU ARE READING
Xiao Tu Tu and Leo
FanfictionBJYX FANFICTION YIZHAN YIBO- GONG XIAO ZHAN-SHOU M-Preg