抖阴社区

                                        

Alpha က နားလည်သွားခဲ့တယ် ။ နဂါးမီးတောက်ကသူအိပ်ပျော်ချိန်တိုင်း သူ့နှလုံးမှာအလိုအလျောက်တောက်လောင်တတ်တယ်။ သူ့နှလုံးခုန်သံနားထောင်ပြီးအိပ်တတ်တဲ့ Sean က ဒါကြောင့်ပြောင်းလဲနေတာပဲ ။ ပြင်ပကိုထုတ်လွှတ်တဲ့နဂါးမီးတောက်ကပိုအားပြင်းတာမို့ ချက်ချင်းအသွင်ပြောင်းစေပုံရတယ် ။ သူ့ယုန်ကပြောင်းလဲကာစအချိန်လေးမှာ ပိုလှနေတယ် ။ ဒါကိုပထမဦးဆုံးအကြိမ်ဟာပူလောင်စိတ်တွေနဲ့သူသတိမထားမိခဲ့တာ။

"Sean "

"အွန့် "

"နေလို့ကောင်းရဲ့လား "

"ထုထုပူတယ် အေးလည်းအေးတယ် "

"ကိုယ်ဆရာဝန်ခေါ်လိုက်မယ် "

"ဟင့်အင်းဆရာဝန်ကမကောင်းဘူး သခင်ကကောင်းတယ် "

ကောင်ငယ်လေးကသူ့ရင်ဘတ်ထဲတိုးဝင်လာပြီး ပွတ်သပ်ချွဲနေတော့တယ် ။ Alpha ရဲ့လက်တွေက ကောင်ငယ်လေးရဲ့ကျောပြင်ကိုခပ်တင်းတင်းညှစ်မိတော့ လက်ထိတဲ့နေရာတိုင်း အနီရဲရဲအမှတ်ရာလေးတွေစွန်းလို့ ။ ကောင်ငယ်လေးကအသားတအားနုတယ် ။ ဖြူစွတ်နေတဲ့အသားအရည်မဟုတ်ပေမဲ့ ဖြူတဲ့သူ့ထက် ဝင်းလဲ့နေတာမျိုး ။

သူ့လက်တွေကတဖြည်းဖြည်းလျှောဆင်းသွားတင်ပါးလုံးလေးကိုအသာရိုက်လိုက်မိတယ် ။ သူအူယားမိတာကြောင့် ။

****

Alpha အလုပ်သွားဖို့ပြင်ဆင်ပြီးထွက်လာတော့သူ့ကောင်ငယ်လေးကနိုးနေပြီး ။ သူဆံပင်အသာသပ်ပေးပြီးငုံ့နမ်းတော့ ကောင်ငယ်လေးကပြုံးပြီးအပျင်းကြောဆန့်တယ် ။

"ကိုယ်နဲ့လိုက်ချင်လား Sean "

"ထုထုအလုပ်ကိစ္စလေးတွေများနေလို့မအားဘူးသခင် "

"အလုပ်ကိစ္စ ?"

"အွန်း "

"ဘာအလုပ်လဲ? "

"ထုထုမှာလည်းထုထုအလုပ်လေးတွေရှိတာပေါ့ ထုထု လျှို့ဝှက်ချက်သေးသေးလေးတွေထားမယ် "

"ဟုတ်ပါပြီ... အဆောင်ကိုတော့မီးမရှို့ဘူးမလား"

"သခင်အာ့လိုပြောနဲ့ထုထုဆိုးပေလေးမဟုတ်ဘူး ဟပ်...ချူး "

Xiao Tu Tu and Leo Where stories live. Discover now