抖阴社区

                                    

ခါးကုန်းကုန်းနဲ့လင်းမြွေအုံထဲကထွက်လာတဲ့ထုထုက ယုန်အိမ်အပြင်မှာ အလုပ်လုပ်နေတဲ့ Alpha ကိုမြင်ပြီးလန့်သွားတယ် ။

"Hi Baby နိုးပြီလား "

အမလေး ထုထု ရှက်ရှက် ။

"ဗိုက်ဆာပြီလား "

ထုထုခေါင်းညိတ်ပြီးမှစိတ်ကောက်နေတာသတိရပြီးကျောခိုင်းလိုက်တယ် ။

"ကောက်တေးလေး ချော့လို့မရရင် ကိုယ်ချစ်ပစ်လိုက်တော့မှာနော် "

ဟာ.. သခင် ။ ထုထုက ယုန်ဆိုးလေးနော် ချော့လို့လုံးလုံးဝမရဘူး ဟီးဟီး ။ ယုန်ကသဃားလေးပြူးနေအောင်ရယ်ပြီး အကာအကွယ်မဲ့တဲ့ပုံစံနဲ့ဘုတ်ခနဲ ပက်လက်လေးလန်သွားတယ် ။ အကာအကွယ်ဆိုတာ....  လုံးလုံးမရှိ ။'အနိုင်ကျင့်လိုကကျင့်ပါတော့ 'ဟုဆိုရအောင်ကို ဟာလာဟင်းလင်းလေးဖြစ်နေတာပါ ။

Alpha က အသံထွက်အောင်ရယ်ပြီးသူ့ယုန်ရဲ့ဗိုက်ထဲမျက်နှာနှစ်ပြီး တဝကြီးနမ်းလိုက်တယ် ။ ယုန်ဟာလက်ကလေးနဲ့ဖယ်ထုတ်သလိုပြုနေရင်း ခြေထောက်တွေကတော့ Alpha ရဲ့ ဂုတ်ပိုးကို
ဆွဲယူတွယ်ချိတ်ထားပါတယ် ။

Alpha က အချစ်လွန်ပြီးညှစ်မိရာကနေ နဂါးမီးတောက်တွေယုန်ကိုထိမိသွားတာသတိမမူမိခဲ့ ။ ခုံပေါ် အကာအကွယ်မဲ့စွာပက်လက်လှန်နေခဲ့တဲ့ ကောင်ငယ်လေးရယ်.... အုပ်မိုးထွေးပွေ့ထားတဲ့ Alpha ရယ် ။

အာ့....  ကောင်ငယ်လေးရဲ့ခြေတံသွယ်လေးတွေက Alpha ရဲ့ပခုံးပေါ်မှာ.... ။ ကောင်ငယ်လေးကညပ်မိနေတဲ့အနေအထားမှာ နာကျင်စွာညည်းညူလိုက်တယ် ။

"အာ့... နာလိုက်တာသခင် "

****

ကောင်ငယ်လေးက သူ့သခင်ရဲ့ ခြေသလုံးကိုတော်တော်လေးစိတ်ဝင်စားနေတယ် ။ ခြေသလုံးမွှေးတွေအပေါ်သူ့ပါးနုနုလေးပွတ်ရင်းတခိခိ သဘောတွေကျလို့ ။

"ဘာတွေသဘောကျ "

"လွင်ပြင်က မြက်ခင်းတွေကြားမှာ ထုထုလှိမ့်ဆော့တုန်းကလိုမျိုးပဲ.. မြက်သားကြမ်းကြမ်းတွေကထုထုကိုယ်ကိုပွတ်သပ်သွားတာ သိလား "

Alpha က ပြုံးလိုက်တယ် ။

"ကိုယ့်အမွှေးက မြက်လောက်မရှည်ပါဘူး Sean ရဲ့ "

Xiao Tu Tu and Leo Where stories live. Discover now