抖阴社区

                                    

အားယို့ယို့ ။ ထုထုအီလိုက်တာ ။ အရမ်းမနာပေမဲ့ပစ်ရှိန်ကြောင့်ကျည်ထိသွားတိုင်းထုထုလန့်ရတယ် ။ ဖင်မှာ အရောင်မှုန့်တွေ အုံလိုက်ကပ်နေသလိုပြေးလမ်းတစ်လျှောက်မှာလည်း ခြေတစ်လှမ်ကျည်ဆယ်သန်းပါပဲ ။ အရုပ်ကလေးဆီရောက်သွားတဲ့အခါထုထုကသက်တန့်ကြီးလိုရောင်စုံကာလာဖြစ်နေခဲ့ပြီ ။ ထုထုယုန်ရုပ်လေးကိုတက်ယူလိုက်ပြီးသခင့်ဘက်လှည့်ကာမြှောက်ပြလိုက်တယ် ။ မျက်နှာအို့အို့လေးက အရောင်အနည်းငယ်စွန်းနေပြီးသွားလေးပေါ်အောင်ရယ်ပြတော့ Alpha ရဲ့ရင်ကိုတသိမ့်သိမ့်လှုပ်စေပါတယ် ။ အပျင်းအိုးသေးသေးလေးက သူ့အတွက် သိပ်ကြိုးစားတာပါပဲလား ။ သူခေါ်လိုက်တော့ယုန်ကအရုပ်လေးပိုက်ပြီး ပြန်ပြေးလာတယ် ။

"ကျည်စုစုပေါင်း 1000 - Sean ထိချက် 999 ချက် "

"ကျည်စုစုပေါင်း 2500 - Black ထိချက် 0 "

"ကျည်စုစုပေါင်း 2500 - Ice ထိချက် 0 "

"ကျည်စုစုပေါင်း 3000 - Sky ထိချက် 0 - ကျည် သုံးတောင့်ကိုမပေါက်ကွဲစေဘဲ 3 တောင့်တိတိဖမ်းမိပါတယ် "

ပြိုင်ပွဲရလဒ်ထွက်လာတော့ Alpha က ပြုံးလိုက်တယ် ။

"ဆိုတော့ ဒီနေ့အနိုင်ရရှိတဲ့သူက.... "

ယုန်ကသူအရယူနိုင်ခဲ့တဲ့အရုပ်လေးကိုပိုက်ထားရင်း မျက်ဝန်းတောက်တောက်လေးနဲ့သူ့ကိုမော့ကြည့်နေခဲ့တယ် ။

"Sean အနိုင်ရသွားပါတယ်ဗျာ "

ထုထုက ပျော်သွားပြီး ဝိုင်းကြီးပတ်ပတ်လှည့်လို့ ကိုယ်ကိုပတ်ချာလည်ရင်းကနေတယ် ။ Alpha က သူ့ယုန်လက်ကလေးတစ်ဖက်ကိုချန်ပီယံလို
မြှောက်ပေးပြီးပွဲခံစေတယ် ။ သူအချက်ပြလိုက်တော့ စနိုက်ပါသမားတွေက ဂုဏ်ပြုတဲ့အနေနဲ့အရောင်မှုန့်တွေကိုလှလှပပဖောက်ပေးကြလေရဲ့ ။

သူ မသမာတဲ့နည်းနဲ့ Sean ကိုပျော်သွားအောင်အနိုင်ပေးလိုက်တာမဟုတ် ။ ယုန်တစ်ကောင်အတွက်ကျည်အနည်းငယ်လောက်ကတောင်ထိတ်လန့်တုန်လှုပ်ပြီး သတိမေ့သွားစေနိုင်တယ် ။ သူ့ယုန်ကတော့ ကျည်အချက်ကိုးရာ့ကိုးဆယ်ကိုးတောင့်ကိုပန်းနဲ့ပေါက်သလိုသာသဘောထားပြီးကျော်ဖြတ်နိုင်ခဲ့တယ်လေ ။

Xiao Tu Tu and Leo Where stories live. Discover now