"အဲ့ပုံစံနဲ့သခင့်ကိုအပိုင်လိုချင်သေးတယ် "
"ဟုတ်ဘူး "
"?"
"သခင်က ဒီပုံစံလေးကိုအပိုင်လိုချင်တာ... အွန်း ဟုတ်တယ် "
Ice က မျက်ဖြူလှန်ပြလိုက်ရင်း သစ်ပင်ပေါ်တက်အိပ်ဖို့သာဆုံးဖြတ်လိုက်တော့တယ် ။
"မင်းပြန်တော့ စိတ်ရှုပ်ဖို့ကောင်းတယ် "
Sean က ဘောင်းဘီစလေးကို ဆုပ်ချေထားရင်း မျက်ဝန်းအစ်လေးတွေနဲ့ Ice ကျောပြင်ကိုတွေတွေလေးငေးတယ် ။
"Ice "
ခြေလှမ်းတွေရယ်သွားပေမဲ့ Ice က လှည့်ကြည့်မလာခဲ့ ။
"ထုထုမမှတ်မိတာတွေကို Ice သိနေတယ်မလားဟင် "
"ငါကနတ်ဘုရားမှမဟုတ်တာ "
"ထုထုကိုကူညီလို့မရဘူးလားဟင် "
ခေါင်းလေးစောင်းရင်း အသနားခံနေတဲ့အသံကြောင့် သူမကြာခဏထုတ်ပြောချင်နေတဲ့စကားတွေက ပါးစပ်ဖျားထိထွက်ကျလာတယ် ။
ဒါပေမဲ့.... သခင်သိသွားတဲ့တစ်ရက်သူသာမက တစ်မျိုးနွယ်မျိုးခေါင်းပျက်သွားနိုင်မဲ့အနာဂါတ်မျိုးသူမဖန်တီးရဲ ။
"မရဘူး.... သခင့်ကိုသာ Mate ရှာခွင့်ပြုလိုက် "
"ထုထုမိတ်လိုက်တယ် "
"ပြန်တော့ "
"ထုထုမြင်းလည်းစီးတယ် "
"ရှုး "
ထုထု လိမ်ဖယ်ဖယ်နဲ့နောက်ကပြေးလိုက်ပြီး အရုပ်နဲ့လှမ်းထုလိုက်တယ် ။ Ice ပြန်ပေါက်ဖို့လုပ်လိုက်ပေမဲ့ Alpha လာနေတာမြင်လိုက်ရတော့ အသာအယာပဲရှောင်ထွက်လာခဲ့လိုက်တော့တယ် ။
* * *
နေ့ရက်လေးတွေကတဖြုတ်ဖြုတ်လွင့်ပျံ ပျံသန်းကုန်တယ် ။ ချယ်ရီပျိုတွေဟာ အဖူးအငုံ ၊အပွင့်အသီး စုံအောင်ပြောင်းလဲလာသလို သစ်ရွက်ပျိုတို့ဟာလည်း ဘဝစက်ကွင်းကိုတစ်ပတ်လည်လည်ဝေ့ချိန် ။
လာဗီယာက သတို့သမီးဝတ်စုံကိုဝတ်ထားရင်း မှန်ရှေ့မှရပ်နေခဲ့တယ် ။ ငယ်ရွယ်ပျိုပျစ်တဲ့သူမ မျက်နှာတော်က လိပ်ပြာလေးတွေခိုနားချင်စဖွယ်အတိ ။

YOU ARE READING
Xiao Tu Tu and Leo
FanfictionBJYX FANFICTION YIZHAN YIBO- GONG XIAO ZHAN-SHOU M-Preg