抖阴社区

                                    

မှန်တင်ခုံပေါ်တက်ထိုင်နေတဲ့ ထုထုက သူမကိုအရည်လဲ့လဲ့မျက်ဝန်းတွေနဲ့ငေးလို့။

"Sean လိုချင်လို့လား "

သရဖူနဲ့ချိတ်တွယ်ထားတဲ့သတို့သမီးမျက်နှာအုပ်ဇာကွန်ချာလေးကို ခေါင်းပေါ်ကဖယ်ရင်း မေးလိုက်တယ် ။ ထုထုပခေါင်းလေးတဆတ်ဆတ်ညိတ်တော့ သရဖူလေးကထုထုခေါင်းပေါ်ရောက်လာတယ် ။ ဇာပါပါးနောက်ကွယ်က Sean ဟာ ပိုလှနေတယ် ။

"Sean အတွက် မမ လက်ထပ်ပေးတာသိတယ်မလား ... ကိုကိုနဲ့အများကြီးချစ်ရမယ်နော် "

ပါးကိုပွတ်သပ်ပေးတဲ့လာဗီယာရဲ့လက်တွေအပေါ်ခေါင်းလေးမှီရင်းထုထုကချွဲပါတယ် ။

"လာဗီယာ  "

အခန်းအပြင်က Alpha ရဲ့အသံကြားတော့လာဗီယာကအသံပြုလိုက်တယ် ။

"Sean ဒီရောက်လာသေးလား "

လာဗီယာကပြုံးလိုက်ပြီး ဇာပုဝါနဲ့ Sean ကိုတွဲလို့ အခန်းဝနားထိပို့လိုက်တယ် ။ တံခါးချပ်တွေဖွင့်လိုက်တာနဲ့  Alpha က ငေးခနဲဖြစ်ပြီး လှုပ်ရှားမှုရပ်တန့်သွားတယ် ။ မျက်နှာကကိုအသာဖယ်
ကြည့်တော့ ဆီးကြိုနေတဲ့မျက်နှာနုနုက ပြုံးလို့ ။

သရဖူကိုပြန်ပေးခဲ့ပြီး Sean ကိုလက်ဆွဲခေါ်လာခဲ့တယ် ။ မင်္ဂလာပွဲစဖို့ အချိန်နာရီအနည်းငယ်လိုသေးတယ် ။

အခန်းထဲက Sean အသံကခပ်တိုးတိုးလွင့်လာခဲ့ပါရဲ့ ။

"သခင်ပြောတော့အဝတ်မကျေစေနဲ့ဆို.... ထုထုအဝတ်တွေပြဲကုန်ပြီ  "

တဲ့ ။ သခင်က မင်္ဂလာအချိန်အခါကို ဇွဲရှိရှိဆောင့် နေခဲ့တယ် ။

AN - သတ်ပုံမမှားပါဘူး 🌚

-Z-

အခန်း (၅၇) - ရှုပ်ထွေးလိုက်တာ ။

အရုပ်ကိုမြေပေါ်တန်းလန်းဆွဲချလာရင်း နန်းတော်ထဲလမ်းသလားလာတဲ့ထုထုတစ်ယောက် Ice ကိုတွေ့လိုက်ပါတယ် ။ ထုထု Ice ဘေးနားဝင်ထိုင်ပေမဲ့ Ice မျက်နှာလွှဲသွားတယ် ။
"စိတ်ကောက်နေတာလား အေ့ စိတ်ကောက်ရဘူးနော် စိတ်ဆိုတာထုထုပဲကောက်ရမှာ "

"မင်း ကမ္ဘာကြီးဆီကို မပြန်ချင်ဘူးလား "

"ထုထုကမ္ဘာကြီး? သခင့်ကိုပြောတာလား သခင်ကထုထုကမ္ဘာကြီးလေ အခုတောင်လိုက်ရှာနေတာ တွေ့သေးဘူး ဘယ်မှာရှိနေလဲ "

Xiao Tu Tu and Leo Where stories live. Discover now