သခင့်မျက်ဝန်းတွေကတလက်လက်တောက်ပနေတာပဲ ။
"လာဗီယာက ကလေးလေးမွေးရင် Sean မှာ တူလေးဒါမှမဟုတ်တူမလေးရပြီ ၊ ကိုယ်တို့မျိုးရိုးကတော့ ယောကျာ်းလေး Alpha မွေးတာများတာပေါ့ လာဗီယာက ထူးထူးခြားခြား အမျိုးသမီး Omega လေးလေ "
Alpha က ထိုအကြောင်းအရာပြောပြီးတိတ်ဆိတ်သွားခဲ့တယ် ။ လာဗီယာသာ Alpha သွေးမမွေးနိုင်ခဲ့ရင်... ။
ယုန်ကတော့ နားရွက်လေးကိုတဗြင်းဗြင်းကုတ်နေရင်းသူ့သခင်အရိပ်အကဲမကြည့်မိခဲ့ ။
...
Alpha နဲ့အတူချစ်ကြည်ရေးတွေ့ဆုံပွဲလိုက်သွားခဲ့တဲ့ ထုထုကနန်းဆောင်ပြန်ရောက်တာနဲ့ပွဲကျနေပြီ ။ Alpha တစ်ယောက်အဝတ်အစားလဲနေလို့ ပုံစံမပြောင်းပေးနိုင်သေးတာကိုမစောင့်ဘဲ မိဘတွေဆီပြေးသွားပြီးသူတွေ့ခဲ့တာတွေကိုကြွားချင်နေခဲ့တာပါ ။ ပွဲက ဝေလိုက်တဲ့ စာအုပ်လေးကိုလည်းနှစ်အုပ်တောင်သယ်လာသေးတယ် ။ စာရွက်တွေကိုလှန်ရင်းပင်ဂွင်းနေရာရောက်တော့စာရွက်ကိုလက်ပုတိုလေးနဲ့ရိုက်ပြပြီးကြည့်စေတယ် ။
"ပင်ဂွင်းလား တွေ့ခဲ့တယ်ပေါ့ "
ထုထုကရင်ဘတ်ကကော့လိုက်ပြီးပင်ဂွင်းတွေလို
ဘတ်လတ်ဘတ်လတ်လမ်းလျှောက်ပြနေတယ် ။ လမ်းလျှောက်ပြီးသူ့ခမျာ ပင်ဂွင်းတွေရဲ့ပုံကိုပြန်သတိရပြီး ပက်လက်လဲတဲ့အထိရယ်တယ် ။ရယ်စရာကြီးပါကွား အဲ့အကောင်တွေ ။
"အမယ်မင်းက သွားလှောင်နေတယ် မင်းလမ်းလျှောက်တာလည်း ကွတတပဲလေ "
ထုထုက ခေါင်းကိုဆတ်ခနဲခါလိုက်ပြီး သူ့အမှန်တရားအတွက်ထလာတယ် ။
ဘာပြောလိုက်တာလဲ ။ ထုထုကခါးလေးယိမ်း ဖင်လေးခါပြီးဒီလိုလျှောက်တာလေ ။
ယုန်ကသူ့ပုံစံလျှောက်ပြတော့ အနေအေးတဲ့မာမီကပါ ထရယ်တယ် ။ ယုန်က မတရားသလိုခံစားလိုက်ရပြီး သူ့သခင်ဆီခါးလေးကုန်းပြီးပြန်လာခဲ့တယ် ။
"ဘယ်တွေသွား ဘာဖြစ်လာ? "
ထုထုက နံရံကိုမှီလို့ ဝေ့ဝဲကျလာတဲ့ နဂါးမီးတောက်တွေကိုဝါးစားလိုက်တယ် ။ပြောင်းလဲလာတဲ့လူသားပုံစံသွင် ရှည်မျောမျောခြေတံကိုသူပွတ်ကြည့်ပြီးသခင့််ဆီကတရားမျှတမှုတောင်းဖို့လုပ်တယ် ။

YOU ARE READING
Xiao Tu Tu and Leo
FanfictionBJYX FANFICTION YIZHAN YIBO- GONG XIAO ZHAN-SHOU M-Preg