"ထုထုမလိမ်ပါဘူး "
Alpha က ဇစ်ကိုပြန်တပ်လိုက်ပြီး ချောကလက်လုပ်ဖို့ထွက်လာခဲ့တယ် ။ အသင့်လုပ်ထားတဲ့ချောကလက်တွေကိုသူအယုံအကြည်မရှိပေ ။
အိပ်ခန်းထဲပန်ရောက်လာတော့ချောကလက်တွေပေပွနေတဲ့ Sean က အိပ်ယာပေါ်မှာ ချောကလက်လုံးတွေသွန်ချထားပြီး ပျင်းတိပျင်းရွဲကောက်စားနေတယ် ။
"Sean "
Sean က မျက်စိလေးလှန်ကြည့်လာပြီး ပေပွနေတဲ့နှုတ်ခမ်းကို လက်နဲ့ပွတ်သုတ်ပြီးရယ်ပြတယ် ။
"ကိုယ် ခဏစောင့်ပါလို့ပြောခဲ့လားမပြောခဲ့ဘူးလား "
"ပြောခဲ့ပါတယ် "
"ထ "
"ဆူမို့လား "
"အပြစ်လုပ်ထားရင်ဆူခံရမှာပေါ့ "
"ထုထုခဏစောင့်တယ်လေ သခင်ကခဏလေးမှမဟုတ်တာ ထုထုခဏကျော်တော့ချောကလက်တွေ့လို့စားလို့ရပြီထင်လို့ပေါ့ "
"ဒီကောင်လေးကတော့ "
"သခင်လည်း သခင်လည်း ထုထုခဏစောင့်ဆို
ပိကျိလေးပဲစောင့်ပြီး မိတ်လိုက်တယ်လေ ""ဝါး... အဲ့ဒါနဲ့ကိုင်ပေါက်တတ်နေပြီပေါ့ "
"အွန်း "
"ဘာ? "
"ဟွန့်အွန်း ထုထုကပြောပြတာ "
"ဖွထားတဲ့ချောကလက်တွေရှင်း သန့်ရှင်းရေး
ကိုယ့်ဘာသာလုပ်လာခဲ့ "" ထုထုပင်ပန်းနေတယ် လုပ်ချင်ဘူး သခင်ထုထုကိုမိတ်လိုက်ထားလို့ပင်ပန်းသွားတာ "
ဘယ်ကတတ်လာသလဲမသိပေမဲ့ Alpha က ပါးစပ်ဟလျက်သားနဲ့သာ အရှုံးပေးလိုက်ရတယ် ။ သေချာပေါက် Ice လက်ချက်လို့ပဲ သူထင်ပါရဲ့ ။
****
Zawgyi
သတို့သမီးဝတ်စုံက မြေပေါ်ဖားလျားကျနေတယ် ။ ယုန်တစ်ကောင်ကတော့ ဝါဝန်စပေါ်ထိုင်ရင်းလျှောစီးနေပါတယ် ။
သခင်လုပ်လိုက်တာထုထုတစ်ကိုယ်လုံးအနီကွက်တွေထသွားလို့တဲ့ ။ ထုထုပဲများနေတာကို အခုတော့ ယုန်ပုလုံးဖြစ်နေရပြီ ။
"ကဲကဲ ဓာတ်ပုံမြန်မြန်ရိုက်ပြီးပြန်ကြတော့ "
သမီးကညှာကို ရုတ်တရတ်ကြီး အိမ်ထောင်ချပေးလိုက်ရတဲ့ ခမည်းတော်ကသိပ်မကြည် ။
သူ့သမီးရဲ့ဂါဝန်ပေါ်က ယုန်ကိုကောက်ယူပွေ့ထားပြီး ဓာတ်ပုံရိုက်ဖို့အသင့်ပြင်နေတဲ့ လူကြီးကြီး ။

YOU ARE READING
Xiao Tu Tu and Leo
FanfictionBJYX FANFICTION YIZHAN YIBO- GONG XIAO ZHAN-SHOU M-Preg