"ပင်ဂွင်းလား တွေ့ခဲ့တယ်ပေါ့ "
ထုထုကရင်ဘတ်ကကော့လိုက်ပြီးပင်ဂွင်းတွေလို
ဘတ်လတ်ဘတ်လတ်လမ်းလျှောက်ပြနေတယ် ။ လမ်းလျှောက်ပြီးသူ့ခမျာ ပင်ဂွင်းတွေရဲ့ပုံကိုပြန်သတိရပြီး ပက်လက်လဲတဲ့အထိရယ်တယ် ။ရယ်စရာကြီးပါကွား အဲ့အကောင်တွေ ။
"အမယ်မင်းက သွားလှောင်နေတယ် မင်းလမ်းလျှောက်တာလည်း ကွတတပဲလေ "
ထုထုက ခေါင်းကိုဆတ်ခနဲခါလိုက်ပြီး သူ့အမှန်တရားအတွက်ထလာတယ် ။
ဘာပြောလိုက်တာလဲ ။ ထုထုကခါးလေးယိမ်း ဖင်လေးခါပြီးဒီလိုလျှောက်တာလေ ။
ယုန်ကသူ့ပုံစံလျှောက်ပြတော့ အနေအေးတဲ့မာမီကပါ ထရယ်တယ် ။ ယုန်က မတရားသလိုခံစားလိုက်ရပြီး သူ့သခင်ဆီခါးလေးကုန်းပြီးပြန်လာခဲ့တယ် ။
"ဘယ်တွေသွား ဘာဖြစ်လာ? "
ထုထုက နံရံကိုမှီလို့ ဝေ့ဝဲကျလာတဲ့ နဂါးမီးတောက်တွေကိုဝါးစားလိုက်တယ် ။ပြောင်းလဲလာတဲ့ရှည်မျောမျောခြေတံကိုသူပွတ်ကြည့်ပြီးသခင့်ဆီကတရားမျှတမှုတောင်းဖို့လုပ်တယ် ။
"သခင် ထုထုပြောမယ် "
"ပြောဗျာ "
"ပင်ဂွင်းကဒီလိုလျှောက်တယ်လေ "
ကော့တော့တော့ ကွတတ လျှောက်လာတော့ Alpha ကရယ်လိုက်တယ် ။
"ရယ်ရတယ်မလား သူတို့ကအာ့လိုရုပ်တိုးဆိုးလျှောက်တာလေ ထုထုကကျ ဒီလိုလျှောက်တာနော် "
နောက်ပြန်လှည့်သွားပြီး TuTu Walk လျှောက်ပြတဲ့အခါ အရည်ရွှမ်းတဲ့ တင်ပါးလုံးလေးတွေကဟိုဘက်သည်ဘက်ယိမ်းလို့။
"တူလည်းတူဘဲနဲ့ဟုတ်တယ်မလားနော်သ ...အယ် သခင်သွေးထွက်နေပြီ "
Alpha က မွေ့ယာပေါ် ခြေကားထိုင်ရင်းနှာခေါင်းသွေးတွေလျှံကျနေခဲ့တာဖြစ်သည်။ Sean က သူ့လက်နဲ့ဖြစ်သလိုသုတ်ပေးနေရာကနေ တံခါးဘောင်ပေါ်လာနားတဲ့ ငှက်ကိုအာရုံရောက်သွားပြီးပြေးဖမ်းဆော့တယ် ။
အိုး... လောကကိုစောင့်ရှောက်သူတွေ ။
Alpha ရဲ့နှာခေါင်းသွေးတွေပိုလျှံကျလာတယ် ။ နှာခေါင်းသွေးကိုအသာသုတ်ရင်းပြတင်းတံခါး
ပေါ်ကိုယ်တုံးလုံးနဲ့ငှက်ဖမ်းနေတဲ့ Sean ကိုအနောက်ကနေအသာပွေ့ဖက်လိုက်တယ် ။ထုထုကအဆာပြေအဆိပ်အချို့စားလိုက်မိပြီး မျက်နှာမဲ့သွားတယ် ။
"ဒီနေ့မကောင်းဘူးနော် အဲ့လိုဆိုထုထုစားတော့ဘူး "
"ဟမ်? "
"ဒီနေ့ကောင်းဘူးလို့ "
"ဒါကအရသာဘယ်လိုကွဲမှာလဲ "
"ထုထု... ထုထု စပ်သွားလို့ အစပ်ပြေချောကလက်စားမယ်လေ "
"လူလည်လေး ချောကလက်စားချင်လို့ လိမ်ပြောတယ်ပေါ့ "
"ထုထုမလိမ်ပါဘူး "
Alpha က ဇစ်ကိုပြန်တပ်လိုက်ပြီး ချောကလက်လုပ်ဖို့ထွက်လာခဲ့တယ် ။ အသင့်လုပ်ထားတဲ့ချောကလက်တွေကိုသူအယုံအကြည်မရှိပေ ။
အိပ်ခန်းထဲပန်ရောက်လာတော့ချောကလက်တွေပေပွနေတဲ့ Sean က အိပ်ယာပေါ်မှာ ချောကလက်လုံးတွေသွန်ချထားပြီး ပျင်းတိပျင်းရွဲကောက်စားနေတယ် ။
"Sean "
Sean က မျက်စိလေးလှန်ကြည့်လာပြီး ပေပွနေတဲ့နှုတ်ခမ်းကို လက်နဲ့ပွတ်သုတ်ပြီးရယ်ပြတယ် ။
"ကိုယ် ခဏစောင့်ပါလို့ပြောခဲ့လားမပြောခဲ့ဘူးလား "
"ပြောခဲ့ပါတယ် "
"ထ "
"ဆူမို့လား "
"အပြစ်လုပ်ထားရင်ဆူခံရမှာပေါ့ "
"ထုထုခဏစောင့်တယ်လေ သခင်ကခဏလေးမှမဟုတ်တာ ထုထုခဏကျော်တော့ချောကလက်တွေ့လို့စားလို့ရပြီထင်လို့ပေါ့ "
"ဒီကောင်လေးကတော့ "
"သခင်လည်း သခင်လည်း ထုထုခဏစောင့်ဆို
ပိကျိလေးပဲစောင့်ပြီး မိတ်လိုက်တယ်လေ ""ဝါး... အဲ့ဒါနဲ့ကိုင်ပေါက်တတ်နေပြီပေါ့ "
"အွန်း "
"ဘာ? "
"ဟွန့်အွန်း ထုထုကပြောပြတာ "
"ဖွထားတဲ့ချောကလက်တွေရှင်း သန့်ရှင်းရေး
ကိုယ့်ဘာသာလုပ်လာခဲ့ "" ထုထုပင်ပန်းနေတယ် လုပ်ချင်ဘူး သခင်ထုထုကိုမိတ်လိုက်ထားလို့ပင်ပန်းသွားတာ "
ဘယ်ကတတ်လာသလဲမသိပေမဲ့ Alpha က ပါးစပ်ဟလျက်သားနဲ့သာ အရှုံးပေးလိုက်ရတယ် ။ သေချာပေါက် Ice လက်ချက်လို့ပဲ သူထင်ပါရဲ့ ။

YOU ARE READING
Xiao Tu Tu and Leo
FanfictionBJYX FANFICTION YIZHAN YIBO- GONG XIAO ZHAN-SHOU M-Preg