抖阴社区

                                    

ထုထုအတွေးထဲမှာတော့ ကလေးလေးရအောင်လုပ်မပေး ညီမျှခြင်း သခင်ကထုထုရဲ့ယောကျာ်းမဟုတ်ဟုသာမှတ်ထားလိုက်တယ် ။

တစ်ချိန်ထဲမှာပဲ Ice ကိုဆူနေတဲ့ Alpha က မမျှော်လင့်ထားတဲ့သတင်းကိုကြားလိုက်ရပြီး အဆောင်ဆီအရူးတစ်ယောက်လိုပြန်ပြေးလာခဲ့တယ် ။ ဆော့နေတဲ့ကောင်လေးကိုတွေ့တော့
အနောက်ကနေသိမ်းကျုံးဖက်လိုက်တယ် ။

"ကိုယ့်ကြင်ယာတော်လေး ၊ ကိုယ့်ကလေးမွေးပေးမဲ့အချစ်လေး "

ထုထုက အညှစ်ခံထားရလို့ကျုံ့နေရင်း အူလည်လည်လှည့်ကြည့်လာတယ် ။

"သခင်း ထုထုအရိုးကျိုးတော့မယ်း "

"ဆောရီး ဆောရီးကိုယ်အပျော်လုံးစို့သွားလို့...  ပြောပါဦး ကိုယ့်ကိုအခုဘယ်လိုခံစားနေရလဲ "

"ထုထုလား "

"အင်း "

"ကျောကယားနေတယ် မမှီလို့မကုတ်ရဘူး၊ လူဖြစ်တယ်နော် အရိုးရှည်လာတယ် ထုထုဘယ်လိုကုတ်မှာလဲ "

"ကိုယ်ကုတ်ပေးမှာပေါ့... Sean ဗိုက်ထဲမှာရော ဘယ်လိုနေလဲ? "

"ထုထုမနက်စာမစားရသေးဘူး ဆော့နေတာ "

"မဆော့နဲ့တော့ ကိုယ်မနက်စာပြင်ပေးမယ်လေ "

"သခင်ကလည်း ထုထုကိုတွေ့တာနဲ့အစာပဲကျွေးနေတယ် ထုထုကဝက်လား "

"Sean ဗိုက်ထဲမှာ ကိုယ်တို့ကလေးလေးရှိနေပြီလေ "

ထုခုနှာခေါင်းနှိုက်ရင်းနောက်တစ်ကြိမ်ထပ်ကြောင်ကြည့်တယ် ။

"ဘယ်မှာရှိ .... ကလေးလေး? တကယ်ကလေးလေးရပြီလား "

ဗိုက်ကိုအလျင်အမြန်လှန်ကြည့်ရင်းပျော်နေတဲ့ကောင်လေးကို Alpha က ပြုံးပြီးငုံ့ကြည့်နေခဲ့ပါတယ် ။

"ထုထုပြောတယ်နော် အေး ထုထုမှာကလေးလေးရှိနေပါပြီလို့ ၊ တော်သေးတာပေါ့သခင်ထုထုယောကျာ်းပြန်ဖြစ်သွားပြီ လာလာ ဖက်ထားရအောင် "

အတတ်ကလေးကိုသူထွေးဖက်လိုက်ရင်း ပီတိအဟုန်ကမိုးပေါ်တက်စောင့်တော့မလိုပါပဲ ။ သူ့အချစ်ဆုံးသည်းညှာလေးမှာ သူ့ရင်သွေးလွယ်ထားရပြီတဲ့လေ ။

Xiao Tu Tu and Leo Where stories live. Discover now