"အဲ့ ထုထုကကိုယ်ဝန်းးးရှိပြီဆိုတော့... "
ထုထုကချက်ချင်းပဲအားမရှိသလိုလှဲချလိုက်တယ် ။
"Sean ဘာဖြစ်လို့လဲ? "
"အိုက်ယား ကလေးတစ်ယောက်ကိုလွယ်ထားရတာ မလွယ်ကူဘူးနော ကလေးတစ်ယောက်ကိုဗိုက်သေးသေးလေးထဲထည့်ထားရပါတယ် အားတွေအရမ်းရမ်းကိုနည်းလာပါပြီနော "
Alpha က သူ့ယုန်ရဲ့အကွက်ကိုရိပ်မိသွားပြီး အလွန်တရာမှသဲသဲလှုပ်တဲ့ခင်ပွန်းသည်အသွင်ပြောင်းလိုက်တယ် ။
"သခင် ထုထုဗိုက်ပူလာရင်ဖောက်ပြန်မှာလား "
"ကိုယ့်ကိုဘယ်လိုမေးလိုက်တာလဲကွယ် "
"ထုထုကိုပစ်မထားနဲ့နော် ကလေးလေးမွေးတဲ့အချိန်ထိထုထုတို့တစ်ချိန်လုံးပူးကပ်နေကြမယ် "
Sean က သူ့ကိုမော့ငေးနေရင် မျက်တောင်တွေကအစအလွတ်ကျက်နေသလိုပဲ ။ Alpha က မြတ်နိုးရာလေးကိုပွေ့ချီပြီးချော့လိုက်တယ် ။
"ကိုယ်တို့ကတစ်သက်လုံးပူးကပ်နေသွားကြမှာ"
ရင်ခွင်ထဲက ကောင်ငယ်လေးကမှိန်ဖျော့ဖျော့ပြုံးရင်းသူ့သခင်ကိုယ်ထဲနစ်ဝင်မတတ်ဖက်လိုက်တော့တယ် ။
ထုထုလည်း ကောင်းကင်ပေါ်ကကြယ်တွေအများကြီးကြွေမဲ့နေ့ကိုစောင့်မျှော်မိတယ် ။ ထုထုဒီလောကမှာဆုသေးသေးလေးတစ်ခုတောင်းခဲ့ချင်ရုံပါပဲ ။
"သခင်အမြဲပျော်ရွှင်နေပါစေ" လို့ ။
ထုထုမရှိတော့ရင်တောင်မှပေါ့ ။-Z-
အခန်း (၆၄) - ထုထုကိုပစ်မထားကြပါနဲ့ ။
"သခင်း သခင်း "
"Sean မပြေးနဲ့ "
Alpha တားလိုက်ပေမဲ့နောက်ကျသွားခဲ့ပြီ ။ ယုန်က ဆီးစစ်တံတွေစုံပလုံစိအောင်ဖက်ထားရင်း ချော်လဲသွားခဲ့သည် ။ ယုန်ကသူ့ဘာသူကုန်းထရင်းသူ့သခင်ကိုကုပ်တွယ်လာတယ် ။ သူ့သခင်ကိုအဆက်မပြတ်သတင်းကောင်းပါးနေပေမဲ့ ယုန်ဘာသာစကားကို Alpha က မတတ်ကျွမ်းခဲ့ရှာ ။
"ဗိုက်ဆာနေပြီလား ကိုယ်ပြောပါတယ် ဆေးရုံမသွားပါနဲ့တော့ဆိုတာကို ၊ ကိုယ်ဝန်ကရမလာနိုင်ဘူးလေ "

YOU ARE READING
Xiao Tu Tu and Leo
FanfictionBJYX FANFICTION YIZHAN YIBO- GONG XIAO ZHAN-SHOU M-Preg